Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF)က မြန်မာကိုအမည်ပျက်စာရင်းဆက်သွင်း

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိရန် နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF)ကကြေညာချက်ထုတ်ပြန်သည်။

ရဲခေါင်/People’s Spring

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိရန် နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF)ကကြေညာချက်ထုတ်ပြန်သည်။

ပြင်သစ်နိုင်ငံပါရီမြို့တွင်​ဖေ​ဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် FATF ၏ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဟု သိရသည်။ လက်ရှိတွင် အမည်ပျက်စာရင်း၌ မြန်မာ၊မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတို့ကိုသာ အမည်ပျက်စာရင်းသတ်မှတ်ထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုးပွားလာပြီး တန်ပြန်ရန် သိသာထင်ရှားသော ဗျူဟာချို့ယွင်းချက်များရှိသည်”ဟု FATF ၏ ကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

FATF ၏ အစည်းအဝေးကို စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေ တက်ရောက်ခဲ့ပြီး ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊သက် သေခံပစ္စည်းများစီမံခန့်ခွဲရေးဥပဒေတို့ကို ပြင်ဆင်ပြဌာန်းခဲ့ပြီး ငွေကြေးခဝါချမှုဥပဒေကိုလည်း ပြင်ဆင်ရန် ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့သည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့်လိုက်နာဆောင်ရွက်ရမည့် အချက်များကျန်ရှိသောကြောင့် မူလအတိုင်းအလေးထားစိစစ်ရမည့်နိုင်ငံဒေသ စာရင်းမှာပင်ဆက် လက်ထားရှိရန် FATF က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစ၍ FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့သည်။

ထို့နောက် နိုင်ငံအတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာခြင်း၊ကျပ်ငွေတန်ဖိုးကျဆင်းကာ ငွေကြေး ဖောင်းပွမှုနှင့်အတူ ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်မှုဒဏ်သည် လူထုအပေါ် ဖိအားဖြစ်လာစေခဲ့သည်။ ထိုအပြင် စစ်​ကောင်စီလက်ထက်တွင် လာဘ်​ပေးလာဘ်ယူမှုများပိုမိုဆိုးရွာလာပြီး စစ်​ကောင်စီ၏ ရပ်ကွက်ရုံးအဆင့်မှ ဝန်ကြီးဌာနအထိ့ဌာနတိုင်းတွင် ​ငွေ​​ပေး​နေရ​ကြောင်းပြည်သူများက​ပြောသည်။

ထို​ကြောင့် နိုင်ငံတကာ လာဘ်စားမှူအ​ခြေအ​နေများကို​စောင့်ကြည့်၍မှတ်တမ်းတင်​ပေး​နေ​သောTransparency International ၏ ၂၀၂၄ ညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံ​ပေါင်း ၁၈၀ တွင်အဆိုးဆုံးအဖြစ်​နောက်ဆုံးမှ​ရေတွက်လျင် အဆင့် ၁၂ ၌ ရပ်တည်​နေသည်။

အကျင့်ပျက်လာဘ်စာမှုများပြားခြင်း ၊ပြည်ပရင်းနှီးမြှပ်နှံမှုများထွက်ခွာခြင်း ၊ ​ငွေ​ကြေး​ဖောင်းပွပြီးကုန်​ဈေးနှုန်းကြီးခြင်း ၊လျှပ်စစ်မီးပျက်ခြင်း၊စစ်မှုမထမ်းမ​နေရဥပ​ဒေကျင့်သုံးလာခြင်းစ​သည်တို့ကြောင့် ပုံမှန်စီးပွားရေးလုပ် ငန်းများဆက်တိုက်ပြိုလဲ​နေပြီး အလုပ်အကိုင်ရှားမှုကြောင့်လူငယ်နှင့်လူလတ်ပိုင်းများသည် ပြည်ပထွက်ခွာနေကြရသည်။

အာဏာသိမ်းစစ်တပ်(စစ်ကောင်စီ)လက်ထက်၂၀၂၄ သြဂုတ်လတွင် တစ်ဒေါ်လာငွေလဲနှုန်း မှာ ပြင်ပ​ဈေးကွက်တွင်ကျပ် ၈၀၀၀ ခန့် ၊​ ၁၆ ပဲရည်​ရွှေ တစ်ကျပ်သားလျင် ကျပ်သိန်း ၈၀ ခန့် အထိအမြင့်ဆုံး​ရောက်ခဲ့ဖူးသည်။ စစ်တပ်အာဏာမသိမ်းခင်က ၁ ​​ဒေါ်လာလျင် ကျပ် ၁၃၀၀ ​ကျော် ၊ရွှေစျေးမှာလည်း အခေါက်ရွှေတစ်ကျပ်သား ၁၃ သိန်းကျော်သာရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

ဆောင်းပါး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် သီတင်းကျွတ်ကာလတွေမှာ ပြည်သူတွေ အပျော်ခရီးသွားကြလာကြတာ နည်းပါးခဲ့ပေမယ့် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ် သီတင်းကျွတ်ကာလတွေမှာတော့ ပုံမှန်ကာလလိုပဲ အပျော်ခရီးသွားတာတွေ ပြန်လည်များပြားလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ် သီတင်းကျွတ်ကာလမှာလည်း အပျော်ခရီးသွားကြမယ့်သူတွေ စီစဥ်နေကြပြီလို့ သိရတယ်။...

သတင်း

အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုအမြင့်ဆုံး(ငွေစက္ကူတန်ဖိုးလျော့ကျတာ)ဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Develo pment Bank - ADB)ကထုတ်ပြန်ပါတယ်။

Facebook