Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့ ဆက်လက်ဆင်နွှဲနေဟု CNDF ပြော

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

ချင်းညီနောင်သည် ဖလမ်းနှင့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်တွင် စတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီး ဖလမ်းမြို့ကို ယနေ့(ဖေဖော်ဝါရီ ၂၃ရက်)အထိ ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့ဝင် CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီထံသို့ ယမန်နေ့က ဆက်သွယ်မေးမြန်းရာ “စစ်ဆင်ရေးရှိနေပါသေးတယ်” ဟု ဖြေကြားသည်။ စစ်ရေးအခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။

Public Service Announcement

Public Service Announcement

ချင်းညီနောင်အနေဖြင့် စစ်ဆင်ရေးသုံးလကျော်အတွင်း ဖလမ်းမြို့နယ် ဧရိယာအများစုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ရင်းဌာနချုပ်သာ ကျန်တော့သည်ဟု ဆိုသည်။

ချင်းသတင်းဌာနအချို့၏ဖော်ပြချက်အရ ဖေဖော်ဝါရီ ၂၁ရက်တွင် ချင်းညီနောင်တပ်ပေါင်းစုက နောက်ဆုံးကျန်နေသည့် ခလရ(၂၆၈) တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း CDF ရဲဘော်အချို့ကျဆုံးခဲ့သည်ဟု ဆိုသည်။

“ဖေဖော်ဝါရီလ၂ဝရက်မနက်ပိုင်းမှာအကြီးအကျယ်တိုက်ပွဲရှိပါတယ်။ အဲဒီတိုက်ပွဲ မအောင်မြင်နိုင်ဘူးပေါ့။ ထိုးစစ်ဆင်တိုက်ခိုက်ပေမယ့် ပြန်ဆုတ်တာပေါ့။ အဲဒီမှာ PDF ဇိုလဲန်း တစ်ယောက်နဲ့ CDF မင်းတပ် တပ်စုမှူး တစ်ယောက်ကျဆုံးတာပါ။” ဟု ချင်းသတင်းရင်းမြစ်က စစ်ကောင်စီ၏ လက်ကျန် ဖလမ်းတပ်ကုန်းအား ချင်းညီနောင်က ထိုးစစ်ဆင်မှုကို ပြောသည်။

CDF ရဲဘော်ကျဆုံးရခြင်းမှာ စစ်ကောင်စီ၏ စနိုက်ပါလက်ချက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် ဖလမ်းမြို့ကို မြေပြင်မှစစ်အင်အားဖြည့်တင်းနိုင်သည့် အခြေအနေမရှိ၍ လေကြောင်းမှ အင်အားဖြည့်တင်းရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ ၂၀၂၄ ဒီဇင်ဘာလလယ်က ဖလမ်းသို့ စစ်ကောင်စီတပ် အင်အား ၁၀၀ခန့်ကို ရဟတ်ယာဉ်များဖြင့် ဖြည့်တင်းခဲ့ရာ ချင်းညီနောင်ပူးပေါင်းတပ်က ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာနှင့် စစ်သုံပမ်းများ ဖမ်းဆီးရရှိခဲ့သည်။ ထို့ပြင် ဒီဇင်ဘာလကုန်ပိုင်းကလည်း ဖလမ်းမြို့သို့ လာသည့် ရဟတ်ယာဉ်ကိုလည်း ချင်းညီနောင်က ပစ်ခတ်ခဲ့ရာ စစ်ကူအင်အားဖြည့်တင်းနိုင်ခြင်းမရှိဘဲ ရဟတ်ယာဉ် နောက်ပြန်လှည့်သွားရမသည်ဟု ဆိုသည်။

ဖလမ်းမြို့တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေထံသို့လည်း ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ ချင်းညီနောင်အနေဖြင့် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆလိုင်းထန်းချွန်းဖေက ယခင်က ပြောကြားထားသည်။

အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ပြုလုပ်ကာ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့် ချင်းညီနောင်သည် ပြီးခဲ့သည့် ၂၀၂၄ အတွင်း မတူပီ၊ ကျင်ဒွေး၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ချင်းညီနောင်၏ စစ်ဆင်ရေး တစ်နှစ်တာအတွင်း စစ်သုံ့ပန်း ၆၀၀ ၊ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ တစ်ထောင်ကျော် သိမ်းပိုက်ရရှိထားကြောင်း ချင်းညီနောင်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။