Connect with us

Hi, what are you looking for?

သတင်း

နေရပ်ပြန်ပို့ဖို့ တရုတ်အပါအဝင် နိုင်ငံခြားသား ၆ထောင်ကျော် ထိန်းသိမ်းထားတယ်လို့ BGFပြော

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေနေရပ်ပြန်ပို့ပေးဖို့ လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရေအတွက် တရုတ်အပါအဝင် နိုင်ငံခြားသား ၆ထောင်ကျော်ရှိနေလို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့ဖို့ BGFတပ်ဖွဲ့က စစ်ဆေးနေစဉ်။ ဓာတ်ပုံ - BGF

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေနေရပ်ပြန်ပို့ပေးဖို့ လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရေအတွက် တရုတ်အပါအဝင် နိုင်ငံခြားသား ၆ထောင်ကျော်ရှိနေလို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမှုပြီးစီးတာရော စစ်ဆေးမှုမလုပ်ရသေးတာရော စုစုပေါင်းအရေအတွက် ၆ထောင်ကျော်ရှိနေပြီး လက်ခံရေးရုံးမှာ တစ်ထောင်ကျော်ထားရှိကာ အခြား ဆိုက်တွေမှာလည်း စုဝေးထားရှိထားတယ်လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

အဲဒီ ၆ထောင်ကျော်ကို နေရပ်ပြန်ခေါ်ယူဖို့ တရုတ်နဲ့ ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်တာ မလုပ်သေးတာကြောင့် သူတို့ရဲ့ စားဝတ်နေရေးနဲ့ နေထိုင်ရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့လည်း BGFက ပြောပါတယ်။

” ဆိုက်တွေမှာ ဖော်ထုတ်ထားတာ တနေရာတည်းမှာ စုထားတာ။ အရှိန်နဲ့လုပ်တယ်။ ပြန်ခေါ်မယ်ဆိုပြီး လုပ်တယ်။ ဖမ်းမိသလောက်လက်ခံမယ်ဆိုပြီး ထိန်းသိမ်းထားတာ”လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီဒေသမှာ လူကုန်းကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ နေရပ်ပြန်ခေါ်နေရာ သုံးရက်အတွင်း ၆၀၀ကျော် ပြန်ပို့ပေးထားတယ်လို့ BGFက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ရက်မှာ စတင်ခေါ်ဆောင်ရာ ပထမဆုံရက်မှာ ၂၀၀ဦီး၊ ဒုတိယရက်မှာ ၃၀၀ဦးနဲ့ ဖေဖော်ဝါရီ ၂၂ရက် မှာ ၁၁၂ဦး နေရပ်ပြန်ပို့ပေးတာလို့ ဆိုပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၂၃ရက်နဲ့ ဒီကနေ့ ၂၄ရက်မှာ နေရပ်ပြန်ခေါ်တာတွေ ရပ်နားထားပါတယ်။

လက်တလော နေရပ်ပြန်ပို့ပေးတဲ့သူတွေဟာ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့သူ မပါသေးဘဲ နေရပ်ပြန်ချင်တဲ့သူတွေသာဖြစ်တယ်လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပထမဆုံးရက် နေရပ်ပြန်ပို့ပေးတဲ့နေ့မှာ ပြောထားပါတယ်။

မြဝတီဒေသက ကျားဖြန့်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက် ဝန်ကြီး Mr. Liu Zhongyi ဟာ ဖေဖော်ဝါရီ၁၇ရက်က မြဝတီမြို့ကို ရောက်လာပြီး တရုတ်နိုင်ငံသားတွေ ပြန်လည်ခေါ်ဖို့ ဆွေးနွေးပြီး သုံးရက်အကြာမှာ ပထမဆုံးအသုတ်အနေနဲ့ စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မြဝတီဒေသမှာရှိနေတဲ့ လူကုန်ကူးခံနေရတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နေရပ်ပြန်ချင်သူတွေ အားလုံးကို ပြန်ပို့ပေးမှာလို့လည်း ကရင်နယ်ခြားစောင့်တပ်(BGF)က ပြောထားပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်က BGFထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်အပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်ဆေး၊ ဖမ်းဆီးမှုတွေစတင်ပြီး လူကုန်ကူးခံရတဲံသူတွေကို နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

မြဝတီဒေသမှာ ကျားဖြန့်လူကုန်ကူးမှုဂိုဏ်းတွေရှိနေတာကြောင်း ထိုင်းအစိုးရက မြဝတီမြို့အပါအဝင် နေရာငါးခုကို လျှပ်စစ်မီးနဲ့ လောင်စာဆီပေးပို့မှုတွေ ဖေဖော်ဝါရီ ၅ရက်က စတင်ဖြတ်တောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။