Connect with us

Hi, what are you looking for?

သတင်း

အနာဂတ်မြန်မာ့နိုင်ငံရေးကို မြန်မာပြည်သူလူထုက ဆုံးဖြတ်လိမ့်မယ်လို့ မလေးရှားပြော

အနာဂတ်မြန်မာ့နိုင်ငံရေးကို ဆုံးဖြတ်ဖို့ မြန်မာပြည်သူလူထုအပေါ်မှာ မူတည်တယ်လို့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတက်ဆီရီမိုဟာမက်ဟာဆန်။ ဓာတ်ပုံ - Bernamapix

လီလီယန်/People’s Spring

အနာဂတ်မြန်မာ့နိုင်ငံရေးကို ဆုံးဖြတ်ဖို့ မြန်မာပြည်သူလူထုအပေါ်မှာ မူတည်တယ်လို့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က မြန်မာပြည်သူလူထုရဲ့ အနာဂတ်လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့၊ လူကုန်ကူးမှုကိုင်တွယ်ဖို့အပါအဝင် ဖြစ်ပွားနေဆဲ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ မလေးရှားရဲ့ ကတိကဝတ်ဆက်လက်ခိုင်မာနေဆဲဖြစ်တယ်လို့ ဒီနေ့ ပြောဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ပြန်လည်တည်ငြိမ်လာတာကို ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်။ ဒါမှသာ ရွေးကောက်ပွဲကို ကျင်းပဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာပါ။ အနာဂတ်မြန်မာ့နိုင်ငံရေးကို ဆုံးဖြတ်ဖို့က မြန်မာပြည်သူလူထုရဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့အဓိက ရည်မှန်းချက်က အကျပ်အတည်းအဆုံးသတ်ရေးပါပဲ” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံဟာ ကြားဝင်မစွက်ဖက်ရေး(non-interference)မူကို ကိုင်စွဲထားပေမယ့် မြန်မာပြည်အကျပ်အတည်းဟာ နယ်စပ်ဖြတ်ကျော်လာနေပါပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

“လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုတွေ၊ ဆိုက်ဘာရာဇဝတ်မှုနဲ့ မူးယစ်ဆေးဆက်စပ်လှုပ်ရှားမှုတွေအပါအဝင် ဒါက(မြန်မာ့အကျပ်အတည်းက) နိုင်ငံတကာဆိုင်ရာစိုးရိမ်မှုတစ်ခုဖြစ်လာပါတယ်။ ဒီရာဇဝတ်မှုအားလုံးဟာ မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာစေပါတယ်” လို့ အထက်ပါ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီ ၂၀၂၅ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံက ရယူပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ စုဝေးခဲ့ကြပြီး အဓိကဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာဟာ မြန်မာ့အရေးဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၄နှစ်ကျော်ကြာ နိုင်ငံဖရိုဖရဲဖြစ်နေတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လက်ရှိ စစ်မက်ဖြစ်ပွားမှုတွေကို ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို အာရုံစိုက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီနိုင်ငံခြားရေးဝန်ကြီးတွေက အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲဟာ ဦးစားပေးမဖြစ်သင့်ဘဲ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အဓိကဦးစားပေးဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကိုးကား – Bernama၊ The Sun Dail

ဆက်စပ်သတင်းများ

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

သတင်း

စစ်အာဏာသိမ်းမှုကြောင့် သံတမန်ဆက်ဆံရေး ဖယ်ကြဥ်ခံရအပြီး ငါးနှစ်အကြာမှာ မလေးရှားအစိုးရနဲ့ နေပြည်တော်တို့အကြား ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေကြပြီလို့ မလေးရှားအစိုးရပိုင် Bernama က ဖော်ပြပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။