Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်

အာရက္ခတပ်တော်(AA) ကဓညဝတီရေတပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက​ကျောက်ဖြူမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများကပြောသည်။

ဓညဝတီ​ရေတပ်စခန်းကို Google Earth တွင်​တွေ့ရမှု

အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA) က ဓညဝတီရေတပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက​ကျောက်ဖြူမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများကပြောသည်။

“လေကြောင်းတိုက်တာ မနေ့က။ ဒီမနက် တိုက်ပွဲငြိမ်နေပေမယ့်စကစကရမ်းပစ်နေတာ ရှိနေတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ ရှောက်ချောင်းရွာက ဒေသခံတွေထိခိုက်သေဆုံးတာရှိတယ်” ဟု ကျောက်ဖြူမြို့ခံတဦးကပြောသည်။

AA က ကျောက်ဖြူမြို့နယ် ၊သစ်ပုတ်​တောင်​ကျေးရွာအနီးရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်ကို ဖေဖော်ဝါရီလ၂၁ရက်နေ့ ညတွင်လက်နက်ကြီးဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ထို့အပြင် ဓညဝတီရေတပ်စခန်းနှင့် မိုင်အနည်းငယ်အကွာရှိ ရွာတစ်ရွာတွင် စစ်ကောင်စီ၏မြေပြင်စစ်ကြောင်းနှင့် AA တိုက်ပွဲခဲ့​သေးကြောင်းလည်း ​ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်​ရေယာဥ် တစ်စီးကိုတွေ့ရစဥ်။ ဓါတ်ပုံ- စစ်​ကောင်စီ

​ရေတပ်စခန်းတိုက်ခိုက်ခံရပြီး​နောက်စစ်ကောင်စီက ကျောက်ဖြူမြို့နယ် ရှောက်ချောင်းနှင့် စိုင်ခြုံကျေးရွာကို ဖေဖော်ဝါရီလ၂၃ရက် ည‌ ၇နာရီခန့်တွင် ဗုံးကြဲခဲ့​ကြောင်း ဒေသခံအချို့က ​ပြောသည်။ ရှောက်ချောင်းရွာမှ ဒေသခံအချို့ ထိခိုက်သေဆုံးမှုရှိသော်လည်း ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် အ​သေးစိပ်မသိရသေးကြောင်း ကျောက်ဖြူမြို့ခံတစ်ဦးက People’s Spring သို့ပြောသည်။

ကျောက်ဖြူတွင် ဓညဝတီရေတပ်စခန်းအပြင် တောင်မော်ကြီးရေတပ်စခန်းနှင့် အုန်းကျွိန်ရေတပ် စခန်းတို့ရှိသည်။ကျောက်ဖြူတိုက်ပွဲသတင်းကို AAက ယ​နေ့အထိ မထုတ်ပြန်သေးပေ။

ဖေဖော်ဝါရီလဆန်းမှစ၍ ​ရေတပ်စခန်းသုံးခု၏ဘေးပတ်ဝန်းကျင်ရွာများကို စစ်​ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ခတ်နေသောကြောင့် ကာပီချောင်း၊ ပေါင်းနက်ချေ၊ ကြက်တောပြင်ရွာအပါအဝင် ဆယ်ရွာထက်မနည်းမှဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်ဟု ​ဒေသခံအချို့က​ပြောသည်။

AA က ရခိုင်ပြည်နယ်တွင် စစ်​တွေ ၊​ကျောက်ဖြူ ၊မာန်​အောင်မြို့နယ်မှအပ ကျန် ၁၄ မြို့နယ်ကိုသိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

ယခါအခါ စစ်တွေမြို့နယ်တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွာယနေပြီး စစ်ကောင်စီသည် လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်။စစ်တွေမြို့တွင်တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီက ပေါက်တောမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ​ဒေသခံပြည်သူများ သေဆုံး ထိခိုက်မှုများရှိခဲ့သည်။

စစ်​ကောင်စီက ပေါက်တောမြို့နယ် တွင်ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ်တွင် Y-12လေယာဉ်ဖြင့် ဗုံးအလုံး ၄၀ ခန့်ကြဲချခဲ့သောကြောင့် သဲခုံရွာ၊မညှင်းကိုင်း၊ ပြင်မ၊ကျောက်တောင်၊ ဆင်တက်မော်တောတန်းရွာ၊ဆင်တက်မော်ဘောဒလီရွာ၊ဆင်တက်မော် (မွတ်ဆလင်ရွာ)၊ အနောက်ရဲ(မွတ်ဆလင်ရွာ) တို့မှ က‌လေးငယ်နှစ်ဦး အပါအဝင် ၄ဦး သေ‌ဆုံးပြီး ၁၇ ဦး ဒဏ်ရာခဲသည်။

ကျောက်ဖြူမြို့တွင် တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ စီမံကိန်း၊ မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းစ​သောရင်းနှီးမြုပ်နံမှု စီမံကိန်းများ ရှိနေသည်။ တရုတ်အစိုးရ၏ စီမံကိန်းနေရာများတွင် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ် မသိရသေးပေ။ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တိုက်ပွဲတွင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများ မထိခိုက်အောင် AAက သတိထား၍ စစ်ရေးဖော်ဆောင်နေရသည်ဟု AAနှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောသည်။

AA က မည်သည့်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ လာရောက်ရင်းနှီးမြှုပ်နှံသူများ၏လုံခြုံရေး၊အသက်အန္တရာယ်တို့ကို အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဟုပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလ၂၉ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

Facebook