Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမှလူငယ်များ စစ်မှုထမ်းဥပဒေအကြောင်းပြ ပြန်ပေးဆွဲခံနေရဟု​ဒေသခံများ​ပြော

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက စစ်မှုထမ်းဥပ​ဒေဖြင့် စစ်သားစု​ဆောင်း​သောအခါ ငွေကြေးချမ်းသာသူများ၏သားသမီးများအား ‌ကျပ်သိန်း
ရာချီယူ၍ စာရင်းမှပယ်ဖျက်ပေးပြီး ‌ချို့တဲ့သူများ၏ သားသမီးများအား ညအချိန် တွင်ပင်အိမ်ထဲ စီးနင်းဝင်ရောက်၍ဖမ်းဆီးနေ​ကြောင်း​ဒေသခံပြည်သူများက​ပြောသည်။

စစ်မှုထမ်းဥပ​ဒေဖြင့်စု​ဆောင်းထားစစ်သားသစ်များကိုစစ်သင်တန်းအမှတ်စဥ် (၁၀)တက်ရန် စစ်​ကောင်စီက စစ်သားအသုံးအ​ဆောင်များ​ပေး​နေ စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

မိထက်/People’s Spring

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက စစ်မှုထမ်းဥပ​ဒေဖြင့် စစ်သားစု​ဆောင်း​သောအခါ ငွေကြေးချမ်းသာသူများ၏သားသမီးများအား ‌ကျပ်သိန်းရာချီယူ၍ စာရင်းမှပယ်ဖျက်ပေးပြီး ‌ချို့တဲ့သူများ၏ သားသမီးများအား ညအချိန် တွင်ပင်အိမ်ထဲ စီးနင်းဝင်ရောက်၍ဖမ်းဆီးနေ​ကြောင်း​ဒေသခံပြည်သူများက​ပြောသည်။

စစ်မှုထမ်းဥပဒေနှင့် စစ်သားစု​ဆောင်းနေသည့်လုပ်ရပ်သည် ဧရာဝတီတိုင်းအတွင်းယခုနှစ် ဖေဖော်ဝါရီလဆန်းမှစ၍ ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ပန်းတနော်၊ ကျုံပျော်၊ အိမ်မဲမြို့ကဲ့သို့ လူဦးရေများသော မြို့နယ်များတွင် မြို့ပေါ်ရပ်ကွက်များမှ ငွေကြေးချမ်းသာသူများ၏ သားသမီးများအား ‌ စစ်မှုထမ်းအကျုံးဝင်သည်ဆိုကာ စာရင်းလာပေးကြောင်း၊ ထို့နောက် တစ်ဦးလျှင် သိန်း ၁၀၀ အနည်းဆုံး​တောင်းယူ၍ ဆေးစာလုပ်ပေးခြင်း၊ ဆိုင်းငံ့ကာလသတ်မှတ်ပေးခြင်းတို့ပြုလုပ်နေကြောင်း မြို့ခံများကပြောသည်။

“မြို့ပေါ်ကပိုက်ဆံရှိတဲ့သူတွေကို ပစ်မှတ်ထားပြီးတော့ ငွေတောင်းတယ်။ ပေါ်တာစွဲတဲ့အဆင့်မဟုတ်ဘူး။ ပြန်ပေးဆွဲတဲဲ့အဆင့်ဖြစ်နေပြီ”ဟု ပုသိမ်မြို့တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ငွေကြေးချမ်းသာသူများ၏ သားသမီးများအား စစ်မှုထမ်းစာရင်းပါသည်ဟု စာပို့ကာ ငွေသိန်းရာချီ​တောင်းယူ​နေခြင်းမှာပုသိမ်နှင့် ဟင်္သာတမြို့မြို့တွင် အများဆုံးဖြစ်ပွားနေသည်ဟုစုံစမ်းသိရသည်။

သို့​သော် ရပ်ကွက်များအတွင်း ငွေကြေးချို့တဲ့သောအိမ်များမှ လူငယ်များကို ညပိုင်းတွင်ဝင်ဖမ်း​လေ့ရှိသဖြင့် ညဘက်၌ အိမ်တွင်မအိပ်ရဲဘဲ လယ်ကွင်းများ၊ တာပေါ်များ၌ သွားရောက်တိမ်းရှောင်ရသည့်အထိ အခြေအနေဆိုးနေသည်ဟု မြို့ခံများကပြောသည်။

ဧရာဝတီတိုင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ည ၈နာရီခန့်မှစ၍ စစ်ကောင်စီ၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များက ကား၊ဆိုင်ကယ်များဖြင့် ကင်းလှည့်ပြီး လူငယ်များအား ဖမ်းဆီး​လေ့ရှိသည်။ ပုသိမ်မြို့ကမ်းနားလမ်းတွင် ဖေဖော်ဝါရီလဆန်းပိုင်းက
ညဦးပိုင်းအချိန် လူငယ် ၃၀ ဦးထက်မနည်း စစ်ကောင်စီကဖမ်းဆီးသွားပြီး ငွေညှစ်ခဲ့သည်။

ဟင်္သာတမြို့တွင်လည်း ညအချိန် အလုပ်ပြန်လာသော လူငယ်များအား ဖမ်းဆီးနေ၍ နေ့စားလုပ်သားများနှင့် လုပ်ငန်းရှင်များ အခက်အခဲတွေ့နေသည်။

“အရင်ကဆို ည ဆယ်နာရီ အိမ်ပြန်လို့ရတယ်။ အခုကအဖမ်းခံထိမှာစိုးလို့ စားသောက်ဆိုင်မှာပဲအိပ်ရတယ်။ မနက်မှအိမ်ပြန်ရတယ်” ဟု ဟင်္သာ
တမြို့၊ လယ်တီကွင်းရပ်ကွက်ရှိ KTV တစ်ခုမှ ဝန်ထမ်းတစ်ဦးကပြောသည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်များတွင် ညဘက်လိုက်ဖမ်းနေပြီး အဆိုပါလုပ်ရပ်သည် စစ်ကောင်စီ၏ သီးသန့်အစီအစဉ်ဖြစ်ပြီး ၎င်းတို့အနေဖြင့် သိရှိမထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကပြောသည်။

ကျုံပျော်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၏ မိသားစုဝင်တစ်ဦးက ” သတိနဲ့နေ။ ဖြစ်ရင် ကိုယ်ဘာသာကိုယ်ရှင်း။ စစ်သင်တန်းမပါအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ်ညှိနှိုင်း။ ဒါပဲပြောလို့ရတယ်” ဟု လက်ရှိအခြေအနေကိုပြောသည်။

ဧရာဝတီတိုင်းအတွင်း ရခိုင်ပြည်နယ်နှင့် ထိစပ်​နေသော ရွှေသောင်ယံ၊ သာပေါင်း၊ ရေကြည်မြို့နယ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍တိုက်ပွဲများမကြာခဏဖြစ်ပွားသည်။ စစ်ကောင်စီက စစ်မှုထမ်း ဥပဒေဖြင့်ခေါ်ဆောင်ထားသော စစ်သင်
တန်းဆင်းများကို ရှေ့တန်းသို့ပို့ဆောင်နေသည်။ရခိုင်ပြည်နယ်တိုက်ပွဲများအပါအဝင် ​ဒေသအနှံတိုက်ပွဲများ အဓ္ဓစစ်သားသစ်စု​ဆောင်းခံရပြီးသင်တန်းဆင်း​ရှေ့တန်းပို့စစ်တိုက်ရ​သောစစ်သားသစ်များ​သေဆုံးမှု၊ထွက်​ပြေးမှု လည်းများ​နေသည်။ ထို​ကြောင့် စစ်သင်တန်းဆင်းများအ‌နေဖြင့် တိုက်ပွဲများအတွင်း အလွယ်တကူလက်နက်မချရရန် စစ်ကောင်စီဒုတိယခေါင်းဆောင်ကိုယ်
တိုင် ပုသိမ်မြို့သို့သွားရောက်စည်းရုံးခဲ့​သေးသည်။

စစ်​ကောင်စီက စစ်မှုထမ်းဥပ​ဒေဖြင့် စု​ဆောင်းထား​သောစစ်သားများကို အ​ခြေခံစစ်သင်တန်း​ပေး​နေသည်မှာအမှတ်စဥ် ၁၀ သို့​ရောက်လာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အသက် ၇၅ ဝန်းကျင်အရွယ် ဦးမြင့်(အမည်လွှဲ)ဟာ ထီးလေးတချောင်းကိုင်ပြီး ရန်ကုန်က မြို့နယ်တခုရဲ့လဝကရုံးထဲ ယောင်ယောင်နနနဲ့ ဝင်လာခဲ့တယ်။ စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီ မှတ်ပုံတင်ပေးရင်း စမတ်ကတ်လုပ်ဖို့ လိုအပ်တာတွေမေးတယ်။ ၂ ယောက်လုံး ခေါင်းတွေကုတ်နေကြတယ်။

ဆောင်းပါး

DEE/People’s Spring စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ...

သတင်း

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။