Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်သုံးဦး ဖယ်ခုံ PDFထံ အလင်းဝင်လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်၌ တာဝန်ကျနေသည့် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် သုံးဦး ဖယ်ခုံ PDF(၁၀၀၆)တပ်ရင်းနှင့် ချိတ်ဆက်၍ အလင်းဝင်လာကြောင်း အဆိုပါတပ်ရင်းက အသိပေးထားသည်။

အလင်းဝင်လာသော တပ်သားသစ် သုံးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံPDF (၁၀၀၆)တပ်ရင်း

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်၌ တာဝန်ကျနေသည့် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် သုံးဦး ဖယ်ခုံ PDF(၁၀၀၆)တပ်ရင်းနှင့် ချိတ်ဆက်၍ အလင်းဝင်လာကြောင်း အဆိုပါတပ်ရင်းက အသိပေးထားသည်။

အဆိုပါတပ်သား သုံးဦးသည် MA1တစ်လက်၊ MA3 နှစ်လက်နှင့် ကျည်တောင့် ၁၂၀တို့သယ်ဆောင်လာပြီး ဖေဖော်ဝါရီ ၂၄ရက်တွင် ဖယ်ခုံ PDFက သွားရောက်ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။

အလင်းဝင်လာသော တပ်သားသစ် သုံးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – ဖယ်ခုံPDF (၁၀၀၆)တပ်ရင်း

“ စစ်မှုထမ်းဥပဒေနဲ့ မတရားတာဝန်ထမ်းဆောင်ရတဲ့သူတွေပါ။လောလောဆယ် တပ်ရင်းမှာဘေးကင်းလုံခြုံစွာရှိနေတယ်။ဆုကြေးငွေလည်း ချီးမြှင့်ထားတယ်။ထပ်ပြီးတော့လည်း NUG MOD ကနေ သူတို့အတွက် အထောက်အပံ့တွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ဖယ်ခုံPDF (၁၀၀၆)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်မှ ပြည်သူလူထုအပေါ် နှိပ်စက်အကြမ်းဖက်မှုများကို လက်သင့်မခံနိုင်သောကြောင့် ဓမ္မတရားအတွက် အရဲစွန့် ရုန်းထွက်လာရခြင်းဖြစ်ဟု တပ်သားသစ်သုံးဦးက ထွက်ဆိုထားသည်။

ထို့အပြင် စစ်တပ်တွင်းမှ အလင်းဝင်ရောက်လိုသူများလည်း အစဥ်အမြဲကြိုဆိုနေပြီး ဘေးကင်းလုံခြုံမှုအာမခံကြောင်း ဖယ်ခုံPDF (၁၀၀၆)တပ်ရင်းက အသိပေးသည်။

မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းထားသည့် တပ်သားသစ်များကို အသုံးပြုနေပြီး တော်လှန်ရေးအင်အားစုထံ အလင်းဝင်လာသူမှာလည်း ရာဂဏန်းခန့်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကို ငွေနဲ့လိုက်ရွေးပေမဲ့ စစ်တပ်က ငွေသာယူပြီး လူကိုပြန်လွတ်မပေးဘဲ သင်တန်းကျောင်းပို့လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

နေအိမ်ပေါ်တက်ပြီး စစ်ကောင်စီတပ်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook