Connect with us

Hi, what are you looking for?

သတင်း

မြေမြှုပ်မိုင်းအန္တရာယ်ကနေ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ အရေးအကြီးဆုံးအချိန်ဟု OCHA ပြော

မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အရပ်သားကာကွယ်စောင့်ရှောက်ပေးရေးအတွက် အရေးအကြီးဆုံးအချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဒီနေ့ (ဖေဖော်ဝါရီ ၂၆ရက်) ထုတ်ပြန်ပါတယ်။

▪️မြန်မာနိုင်ငံမှာ မိုင်းရှင်းလင်းရေး နိုင်ငံတကာစံမီလုပ်ဆောင်ချက် လုံးဝမရှိ

လီလီယန်/People’s Spring

မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အရပ်သားကာကွယ်စောင့်ရှောက်ပေးရေးအတွက် အရေးအကြီးဆုံးအချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဒီနေ့ (ဖေဖော်ဝါရီ ၂၆ရက်) ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ ဆီရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့ကို ကျော်ဖြတ်ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှုအများဆုံး နိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာဟာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှုအရေအတွက် ၁၀၀၃ ခုဖြစ်ပွားခဲ့ပြီး ဒုတိယနေရာက ဆီးရီးယားဟာ ၉၃၃ခုနဲ့ တတိယနေရာက အာဖဂန်နစ္စတန်က ၆၅၁ ခု ဖြစ်ပွားခဲ့တယ်လို့ OCHA က ဆိုပါတယ်။

မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဟာ မိုင်းအန္တရာယ်အသိပညာပေးခြင်းနဲ့မြေမြှုပ်မိုင်းဒဏ်ခံရသူတွေကိုအကူအညီပေးရာမှာ အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ကြောင်းနဲ့ အဲဒီအတွက် ရန်ပုံငွေလည်း အရေးတကြီး လိုအပ်လျက်ရှိတယ်လို့ OCHA က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေးအစီအစဥ် ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအရ မိုင်းရှင်းလင်းခြင်း လုပ်ဆောင်ချက်မှာ ၀ ရာခိုင်နှုန်း(လုံးဝမရှိဘူး) ဖြစ်တယ်လို့ မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့(Landmine & Cluster Munition Monitor)က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ မြို့ပေါင်း ၁၉၀ကို တိုးပွားလာနေတဲ့ သံသယဖြစ်ဖွယ်မြေမြှုပ်မိုင်းအန္တရာယ်ရှိတဲ့ နေရာများအဖြစ် သတ်မှတ်ထားပြီး ၂၀၂၃ ခုနှစ် တနှစ်တည်း အဲဒီမြို့နယ်တွေမှာ အရပ်သားသေဆုံးမှု ၁၃၄မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် သေဆုံးသူအများစုထဲ ကလေးငယ်များပါဝင်ပြီး အမျိုးသမီးနဲ့ ကလေးငယ်များ ထိခိုက်သေဆုံးမှုမှာ ပဋိပက္ခဖြစ်ပွားပြီးချိိန်မှာ ပိုမိုများပြားလာတယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၀၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ မှတ်တမ်းများအရ အရပ်သားများ မြေမြှုပ်မိုင်းကြောင်း ထိခိုက်သေဆုံးမှု ဖြစ်ပွားရတဲ့အကြောင်းအရင်းများမှာ မိုင်းရှိရာ ဒေသများသို့ ရွှေ့ပြောင်းသွားလာခြင်၊ သစ်တောထွက်ကုန်ပစ္စည်းများ စုဆောင်းခြင်း၊ အမဲလိုက်ခြင်းနဲ့ ငါးဖမ်းခြင်းများ၊ မိုင်းရှိရာ ဒေသများမှာ လယ်ယာလုပ်ကိုင်ခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအား ကိုင်တွယ်ခြင်းနဲ့ လက်နက်ကိုင် ပဋိပက္ခဇုန်မှ ထွက်ပြေးခြင်း၊ ပဋိပက္ခအပြီး ပြန်လာခြင်းနဲ့ အခြားအကြောင်းများကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေသွားနေရပြီး ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရဟု ဖော်ပြ မတ်-၁၀၊၂၀၂၆။မိုမို/People’s Spring မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့ ကန့်သတ်ချက်တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA)က မတ်လ ၉ရက်ကထုတ်ပြန်ပါတယ်။ စီးပွားရေးကလည်း တောက်လျှောက်ကျဆင်းနေတာကြောင့် အခြေအနေတွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့လည်း ဆိုပါတယ်။...

သတင်း

ရှမ်းပြည်န​ယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာမြို့မှာ၁၀နှစ်အောက်ကလေးငယ်လေးဦးဗုံးသီးကိုဆော့ကစားမိရာကနေဖေဖော်ဝါရီလ ၃ ရက်နေ့ခင်းပိုင်းကပေါက်ကွဲမှုဖြစ်ပြီးတစ်ဦးသေဆုံးကာသုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

သတင်း

ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် မေလနှောင်းပိုင်းကစ၍ တိုက်ပွဲများပိုပြင်းထန်လာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်သည်။

သတင်း

ဧပြီ-၈၊၂၀၂၅။ခွာညို/People’s Spring လေဖိအားနည်းရပ်ဝန်း နှင့် မိုးတိမ်တောင်ကြောင့် စစ်ကိုင်းငလျင်ဘေးသင့်ဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်နိုင်ကြောင်း MOHADMက သတိပေးထားပြီး ၊လက်ရှိရာသီဥတုအခြေအနေသည် ယာယီဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများအတွက် နောက်ထပ်အန္တရာယ်တစ်ခု ဖြစ်ပေါ်လျက်ရှိသည်ဟု UNOCHA က သတိပေးသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်ဖြစ်ပေါ်နေပြီး ငလျင်ဘေးသင့်ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ နေပြည်တော်တို့လည်း...