Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ဖို့ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ သပိတ်လှုပ်ရှားမှုတွေက ဒီကနေ့ (ဖေဖော်ဝါရီ ၂၆)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ သပိတ်လှုပ်ရှားမှုတွေက ဒီကနေ့ (ဖေဖော်ဝါရီ ၂၆)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်း ဦးဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ဦးဆောင်ကာ “အထွေထွေဖိနှိပ်ကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေဟာ “တော်လှန်ပြည်သူတွေဟာ “အထွေထွေဖိနှိပ်ကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားတွေ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့နယ်၊ ခိုတောင်ရွာမှာ ရေတွင်းရေတိုင်တွေ ရေမထွက်တော့လို့ သောက်ရေ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

Scorpio/People’s Spring မန္တလေးမှာ ဒီကနေ့ မြန်မာနှစ်ဆန်းတရက်နေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ပြိုလက်စ အဆောက်အအုံတချို့ ထပ်မံပြိုကျခဲ့တယ်လို့ မြို့ခံအချို့က ပြောပါတယ်။ ဒီကနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်နေ့ နေ့လယ် ၁ နာရီ ၃ မိနစ်ခန့်ကမန္တလေးပုသိမ်ကြီးမြို့နယ်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၄.၅ ရစ်ချတာစကေးရှိတဲ့...

သတင်း

စစ်ကိုင်းမြို့နယ်အတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့သောငလျင်ကို မန္တလေးငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ်သွားမည်ဟု စစ်ကောင်စီက ယနေ့(ဧပြီ ၇ရက်)တွင် ထုတ်ပြန်သည်။

Facebook