Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေကနေ ကယ်ထုတ်လာတဲ့ နိုင်ငံခြားသား ၇၀၀၀ကျော်နယ်စပ်မှာသောင်တင်နေ

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေနဲ့အတူ အဲဒီ လုပ်ငန်းတွေကနေ ကယ်ထုတ်လာတဲ့နိုင်ငံခြားသား ၇၀၀၀ ကျော်လောက်ဟာ နေရပ်ပြန်ဖို့ စောင့်ဆိုင်းနေကြဆဲလို့ ကရင် နယ်ခြားစောင့်တပ် (BGF)က ပြောကြားခဲ့ပါတယ်။

ကိုးကား-Bangkok Post

People’s Spring

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေနဲ့အတူ အဲဒီ လုပ်ငန်းတွေကနေ ကယ်ထုတ်လာတဲ့နိုင်ငံခြားသား ၇၀၀၀ ကျော်လောက်ဟာ နေရပ်ပြန်ဖို့ စောင့်ဆိုင်းနေကြဆဲလို့ ကရင် နယ်ခြားစောင့်တပ် (BGF)က ပြောကြားခဲ့ပါတယ်။

အဲဒီ နိုင်ငံခြားသားတွေကို မြဝတီ မြို့နယ်ထဲမှာရှိတဲ့ ရွှေကုက္ကို၊ ကေကေပက်ခ်တို့မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကနေ ကယ်ထုတ်လာတာလို့ သိရပါတယ်။

BGFဟာ နိုင်ငံပေါင်း ၂၈ ခုက နိုင်ငံခြားသား စုစုပေါင်း ၇၁၄၁ ဦးရဲ့ စာရင်းကို သုံးသပ်စိစစ်ဖို့ ထိုင်းအာဏာပိုင်တွေဆီ ပေးပို့ထားပြီး အမျိုးသား ၆၇၁၆ ယောက်နဲ့ အမျိုးသမီး ၄၂၅ ယောက်တို့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/614141114738478

ကျားဖြန့်ဂိုဏ်းတွေရဲ့ လှည့်စား လူမှောင်ခိုကူးတာကို ခံခဲ့ရတာဆိုတဲ့ အဲဒီဝန်ထမ်းတွေထဲမှာ တရုတ်နိုင်ငံသားတွေကတော့ အများဆုံးဖြစ်ပြီး အရေအတွက် ၄၈၆၀ ထိ ပါဝင်နေပါတယ်။ ပြီးတော့ ဗီယက်နမ် ၅၇၂ ဦး၊ အိန္ဒိယ ၅၂၆ ဦး၊ အီသီယိုးပီးယား ၄၃၀၊ အင်ဒိုနီးရှား ၂၈၃ ယောက်၊ ဖိလစ်ပိုင် ၁၂၇ ယောက်၊ မလေးရှား ၆၉ ယောက်၊ ပါကစ္စတန် ၆၈ ယောက်၊ ကင်ညာ ၆၄ ယောက်၊ ထိုင်ဝမ် ၂၅ ယောက်တို့ကိုပါ BGFက စာရင်းဖော်ပြထားခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ မဟာမိတ်ဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်နေတဲ့ BGFဟာ မြဝတီ မြို့နယ်ထဲမှာ လုပ်ငန်း လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ တခြား ဒုစရိုက် လုပ်ငန်းတွေဆီကနေ နှစ်ရှည်လများ ငွေကြေး အကျိုးအမြတ်တွေ ရရှိ ခံစားနေခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ ထိုင်းတို့က ဖိအားပေးလာပြီး ကျားဖြန့် ပြဿနာအပေါ် နိုင်ငံတကာ အာရုံစိုက်မှု မြင့်တက်လာတဲ့ အချိန်မှာတော့ BGFဟာ စစ်ကောင်စီနဲ့အတူ ကျားဖြန့် နှိမ်နင်းရေးဖက်မှာ ပူးပေါင်းလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ စောချစ်သူဟာ ကျားဖြန့် ဂိုဏ်းတွေကနေ အဓမ္မ ခိုင်းစေ ခံရသူတွေကို ကယ်ထုတ်ရေးနဲ့ ဒုစရိုက်ဂိုဏ်းတွေကို ဖြိုခွင်းရေး လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ဦးစီး လုပ်ဆောင်ပြနေပါတယ်။

လောလောဆယ် ကယ်ထုတ်ထားတဲ့ နိုင်ငံခြားသားတွေကိုတော့ နိုင်ငံသား သတ်မှတ်ချက်တွေအလိုက် စုစည်းထားပြီး ဖြစ်သလို သက်ဆိုင်ရာ အစိုးရ အသီးသီးက အဲဒီ နိုင်ငံခြားသားတွေကို ပြန်လည် ခေါ်ဆောင်ဖို့ BGFက တောင်းဆိုထားပါတယ်။

အဲဒီ နိုင်ငံခြားသား ၇၀၀၀ ကျော်ဟာ အခုထိ မြန်မာဖက်ခြမ်းမှာပဲ ရှိနေဆဲဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေရဲ့ သံရုံးတွေက ပြန်လည် ခေါ်ယူရေးကိစ္စ စီစဉ်တာကို စောင့်ဆိုင်းနေပါတယ်။ သတင်းတွေ အရတော့ ကယ်ဆယ်ထားသူတွေရဲ့ သက်ဆိုင်ရာ နိုင်ငံတစ်ခုစီက သူတို့ကို ပြန်ခေါ်ဖို့ အသင့် မဖြစ်သေးဘူးဆိုရင် သူတို့ကို နိုင်ငံပိုင်နက်ထဲ ဖြတ်သန်းခွင့် ပေးရေးကို ထိုင်းဖက်က တွန့်ဆုတ်နေတယ်လို့လည်း သိရပါတယ်။

တရုတ်အစိုးရကအ​စောပိုင်းမှာဆက်တိုက်​ခေါ်မယ်ဆို​ပေမယ် ရာဂဏန်းသာ​ခေါ်ပြီး​နောက်ပိုင်းရပ်ထားလို့ ပြန်ပို့တဲ့လုပ်ငန်းစဥ်ကြန့်ကြာ​နေတယ်လို့စုံစမ်းသိရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI) နဲ့ ထိုင်းအစိုးရတို့က ကျားဖြန့် အပါအဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ သဘောတူညီမှုရရှိခဲ့​ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားပါတယ်။

Facebook