Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်အ​ကြောင်းပြ အင်အားဖြည့်လာ​သောစစ်တပ်နှင့် ​တော်လှန်​ရေးတပ်များ ​ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်​နေ

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး မြဝတီ​ဒေသသို့ မီး ၊စက်သုံးဆီ ၊အင်တာနက် ၊ကုန်စည်များစသဖြင့် ဘက်စုံဖြတ်​တောက်ထားချိန်တွင် အင်အားဖြည့်တင်းထား​သောစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် ယခုရက်ပိုင်းတိုက်ပွဲများ ပြင်းထန်နေသည်။

ဒီးဒီ/People’s Spring

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး မြဝတီ​ဒေသသို့ မီး ၊စက်သုံးဆီ ၊အင်တာနက် ၊ကုန်စည်များစသဖြင့် ဘက်စုံဖြတ်​တောက်ထားချိန်တွင် အင်အားဖြည့်တင်းထား​သောစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် ယခုရက်ပိုင်းတိုက်ပွဲများ ပြင်းထန်နေသည်။

ကရင်ပြည်နယ်၊ မြဝတီဒေသ၌ ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ငန်းများတွင် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ သောင်းနှင့်ချီ လူကုန်ကူးပြီး အလုပ်စေခိုင်း​နေသည်ဆိုကာတရုတ်၊ထိုင်း အစိုးရနှင့် စစ်​ကောင် ပူး​ပေါင်း၍ ​ဖေ​ဖော်ဝါရီ လဆန်းမှစ၍ လျှပ်စစ်မီး ၊အင်တာနက် ၊စက်သုံးဆီ နှင့် ကုန်စည်ှဝင်ထွက်မှုများ ကိုဖြတ်​တောက်ခဲ့သည်။ တချိန်တည်း စစ်ကောင်စီက ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ ပိတ်ဆို့ခံနေရသော အောင်ဇေယျစစ်ကြောင်းထံ အင်းအားအလုံးအရင်းပေးပို့စေလွှတ်ကာ စစ်ပြင်နေသလို၊​ကော့ကရိတ်သို့လည်း စစ်ကူများစွာ​ပေးပို့​နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီသည် ကော့ကရိတ်မြို့သို့ အင်အားအလုံးအရင်း စေလွှတ်ပြီးနောက် ကော့ကရိတ်မြို့နှင့် ဒေါနတောင်ကြားတွင် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းတွင်တိုက်ပွဲများပြင်းထန်နေသည်ဟု အဆိုပါနယ်မြေရှိ PDF စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ကျားဖြန့်အကြောင်းပြပြီး စစ်ကောင်စီက ဖိဖို့လုပ်နေတာ။ တိုက်ပွဲက နေ့စဉ်ဖြစ်နေတယ်။ အကြီးတွေပဲ ဖြစ်နေတယ်။ သူတို့က ဒရုန်းတအားသုံးလာတယ်”ဟု အဆိုပါ စစ်ကြောင်းမှူးက ပြောသည်။ သို့သော် စစ်ကောင်စီ၏ ဒရုန်းတစ်စင်းကိုလည်း တော်လှန်ရေးတပ်က ပစ်ချခဲ့သည်ဟု ပြောသည်။

ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးသော ကော့နွှဲ့၊ရေလယ်ကုန်း၊ ရွာသစ်ကုန်းကျေးရွာတို့တွင် တိုက်ပွဲများပြင်းထန်နေသည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၆ရက်က ရေလယ်ကုန်းကျေးရွာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ခန့် သေဆုံးခဲ့သည်ဟု စစ်ကြောင်းမှူးက ပြောသည်။

” ဒီနေ့လည်း တိုက်ပွဲဖြစ်တာပဲ”ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ကျားဖြန့်အကြောင်းပြပြီး မြဝတီမြို့၌ ၎င်း၏အင်အားတိုးချဲ့ပြီး ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။

” ကျားဖြန့်အကြောင်းပြ အကုန်ပိတ်နေတာ စကစက။ မြဝတီလည်းသူတို့ စိုးမိုးချင်နေတာ”ဟု ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီးနှင့် ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ ရောက်ရှိလာခဲ့သည်။

သို့သော် ၎င်းတို့မှာ မြဝတီမြို့သို့ ကော့ကရိတ်လမ်းကြောင်းမှ မသွားဘဲ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဝင်ရောက်ခဲ့ခြင်းဟု ဆိုသည်။

” ကျနော်တို့ ဒီဘက်က အကုန်ပိတ်ထားတယ်။ သူတို့ ထိုင်းဘက်က ဝင်တာ”ဟု

ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊PDF နှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထားသည်။

၂၀၂၄ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFနှင့် ‌ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်ကစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ၁၀ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

သုံးရက်အတွင်း တရုတ်နိုင်ငံသား ၆၅၀ နီးပါးကို နယ်နှင်ခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

မရမ်းကုန်းမြို့နယ်မှာဖွင့်ထားတဲ့ဟိုတယ်တစ်ခုမှာ ဧည်ကြိုလုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီမှာ ရောင်းစားခံရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။