Connect with us

Hi, what are you looking for?

သတင်း

သာပေါင်းတွင် တကျော့ပြန်တိုက်ပွဲပြင်းထန်

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA) ဦး​ဆောင်​သောပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ် တိုက်ပွဲတကျော့ပြန် ပြင်းထန်နေကြောင်း​ဒေသခံနှင့် စစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

ရခိုင်-ဧရာဝတီအစပ်​ဒေသတိုက်ပွဲများတွင် စစ်တပ်ထံမှ သိမ်းဆည်းထား​သော သံချပ်ကာ ယာဥ်များ ကို​မောင်နှင်း၊စီနင်လာ​သော AA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Info Desk

ကဖေး/People’s Spring

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA) ဦး​ဆောင်​သောပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ် တိုက်ပွဲတကျော့ပြန် ပြင်းထန်နေကြောင်း​ဒေသခံနှင့် စစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

ဖေဖော်ဝါရီလ၂၇ရက် နံနက်အ စောပိုင်းမှစ၍ သာပေါင်းမြို့နယ်ရှိကျေးရွာအချို့တွင် တိုက်ပွဲများပြင်းထန်နေသည်ဟု ဒေသခံများကပြောသည်။

“AAနဲ့ PDFက ထိုးစစ်ပြန်စပြီလို့ နားလည်ရတယ်။ အရင်ကဆို တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်တာမျိုးမရှိဘူး။ အခုကကျတော့ ရပ်လိုက်နားလိုက်နဲ့ ဆက်တိုက်ကြီး” ဟုသာပေါင်းမြို့ခံတဦးက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသည် ခွေးကုတ်ရွာ၊ ကင်ပွန်းချဉ်ရွာ၊ သာပေါင်းလေးရွာနှင့် အနန်းကုန်းရွာအနီးတွင်အနီးတွင် ဖြစ်ပွားနေခြင်းဖြစိသည်။ တိုက်ပွဲအတွင်းဒဏ်ရာရသူများကိုစစ်တပ်က သာပေါင်း၊ ရေကြည်နှင့် ပုသိမ်ဆေးရုံသို့ပို့ဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။

၂၀၂၄ ဒီဇင်ဘာလ ၂၉ ရက်တွင် ရခိုင်ပြည်နယ်ဂွမြို့နယ်ကို AAက သိမ်းယူပြီးနောက် ဧရာဝတီ-ရခိုင်နယ်စပ်ဒေသများဖြစ်သည့် သာပေါင်း၊ ရွှေသောင်ယံမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ၃ရက်နေ့ကသာပေါင်းမြို့နယ် ကျားခေါင်းရွာမှ စစ်ကောင်စီစခန်းကို AAနှင့် ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်း တိုက်ပွဲအနည်းငယ်ငြိမ်သက်သွားခဲ့သည်။

ဖေဖော်ဝါရီလဆန်းက သာပေါင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သည်။

သာပေါင်း မြို့နယ် ကျားခေါင်းရွာတွင် ဇန်နါရီလ၂၈ရက်နေ့ကတိုက်ပွဲ၌ သာပေါင်းမြို့မရဲစခန်းမှူးဒုရဲမှူး ဝင်းနိုင်ဦးသည် AA၏ စနိုက်ဘာကျည်ထိမှန်သေဆုံးခဲ့သည်။

AAသည်သာပေါင်းနှင့်ဆက်စပ်နေသောရေကြည်မြို့နယ်အတွင်းရှိ အမှတ် ၃၄၄ စစ်ကောင်စီအမြောက်တပ်(အမတ၃၄၄ )ကာကင်းစခန်းများကိုလည်း တိုက်ခိုက်နေသည်။

ရခိုင်နှင့် ဧရာဝတီနယ်စပ်ဒေသမှ တိုက်ပွဲများသို့ စစ်​ကောင်စီက ဟင်္သာတမြို့ ခလရ(၁၈)၊ ကျုံပျော်မြို့ရှိ ခလရ(၃၆)တို့တွင်အင်အားစုဆောင်းပြီး စစ်ကူပို့ဆောင်နေသည်။

ဇန်နဝါရီလတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ရွှေသောင်ယံမြို့နယ်၌ လတ်တလော၌ တိုက်ပွဲငြိမ်သက်နေသော်လည်း စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုများရှိနေသည်။ ရွှေသောင်ယံဒေသခံများသည် ပုသိမ်မြို့အပါအဝင် အနီးပတ်ဝန်းကျင်မြို့နယ်များမှ ပြည်သူများမှာ​နေရပ်မပြန်​ရဲ​သေးဘဲ စစ်ဘေးတိမ်း‌ရှောင်နေကြဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

Facebook