Connect with us

Hi, what are you looking for?

သတင်း

ဘုံရန်သူစစ်ကောင်စီအားတိုက်ခိုက်ရန် စလင်းမြို့အခြေစိုက်တော်လှန်ရေးတပ်ခြောက်ဖွဲ့ တပ်ပေါင်းစုဖွဲ့စည်း

ဘုံရန်သူစစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းရန် မကွေးတိုင်း၊စလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ် ခြောက်ဖွဲ့က တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းပြီး သဘောတူဆုံးဖြတ်ခဲ့သည်။

မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းနှင့် ဒေါင်းစစ်အောင် (LPDF)မှ ရဲဘော်များအား တွေ့ရစဉ်။

ရဲခေါင်/People’s Spring

ဘုံရန်သူစစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းရန် မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ် ခြောက်ဖွဲ့က တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းပြီး သဘောတူဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်က အစည်းအဝေးပြုလုပ်ပြီး အချက် ၁၃ခုပါ မြေပြင်မဟာမိတ်ဘုံ သဘောတူညီချက်ကို စလင်းအခြေစိုက်တပ်ရင်းများနှင့် Local PDF အဖွဲ့ ခြောက်ဖွဲ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါခြောက်ဖွဲ့တွင် မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၊မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း၊ ဗမာ့တပ်တော် အမှတ်(၇၀၇)တပ်ရင်း၊ SALIN (LPDF)နှင့် ဒေါင်းစစ်အောင် (LPDF)နှင့် ဒေါင်းညီနောင် မြိုပြပြောက်ကျားအဖွဲ့ တို့ပါရှိသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးအောင်မြင်ဖို့က အရေးအကြီးဆုံးမို့ ဒီလိုသဘောတူညီချက်တွေကို ကျနော်တို့က ကြိုဆိုကြရပါမယ်။အုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေကို လုပ်ကိုင်နိုင်ဖို့ကလဲ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ရရှိပြီးနယ်မြေတွေကိုသာ စနစ်တကျလုပ်ဆောင်နိုင်တာပါ”ဟု စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သဘောတူညီချက်များတွင် တော်လှန်အင်အားစု ပြိုကွဲစေသော၊ နှောင့်နှေးစေသော အပြုအမူ၊ အပြောအဆိုများ တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြား လုံးဝမပြုလုပ်ရန် ပါရှိသည်။

တပ်ပေါင်းစုတွင်ပါဝင်သော အဖွဲ့အစည်းတိုင်း၏ စစ်ရေး၊ နိုင်ငံရေးမူဝါဒများနှင့် ကျင့်ဝတ်၊ စည်းကမ်းများ အပြန်အလှန် လေးစားတန်ဖိုးထားပြီး ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်ရာတွင် တပ်ပေါင်းစုအသွင်ဖြင့် တိုက်ခိုက်ချေမှုန်းရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် တပ်ပေါင်းစုတွင်ပါဝင်သည့် တပ်ဖွဲ့ဝင်တိုင်းသည် ရဲဘော်၊ရဲဘက် အချင်းချင်း ရိုသေလေးစားမှုရှိကြပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်လာပါက ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုဖြင့် တပ်ဖွဲ့ခေါင်းဆောင်များမှ အပြစ်ပေး အရေးယူမှုကို ဆောင်ရွက်ရန်နှင့် ထိုအပေါ်တွင်လည်း မည်သည့်အဖွဲ့ကိုမှ မျက်နှာထောက်ဘက် လိုက်ခြင်းမပြုဘဲ ကော်မတီတစ်ခု ဖွဲ့စည်းပြီး ဆောင်ရွက်ရန် သဘောတူထားသည်။

မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းနှင့် ဒေါင်းစစ်အောင် (LPDF)မှ ရဲဘော်များအား တွေ့ရစဉ်။

အဖွဲ့ဝင်တပ်ရင်း၊ တပ်ဖွဲ့များမှ ရဲဘော်များသည် အရပ်သားပြည်သူများကို ခြိမ်းခြောက်ခြင်း၊ မောက်မာရိုင်း စိုင်းစွာပြောဆိုခြင်းများ ပြုလုပ်ခြင်းနှင့် တပ်ရင်းတပ်ဖွဲ့အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ရပ်ရွာအတွင်း သေရည်သေရက်သောက်သုံး၍ သေနတ်ဖောက်ခြင်းကို ထိရောက်စွာ အရေးယူရန် စသည့်စည်းကမ်းချက်များ ပါရှိသည်။

မဟာမိတ်တပ်ဖွဲ့ဝင်များအချင်းချင်း နားလည်မှု၊ လွဲမှားမှုရှိပါက လက်နက်ဖြင့် ဖြေရှင်းခြင်း လုံးဝမပြုရန်နှင့် တိုက်ခိုက်ရေးအဖွဲ့များအနေဖြင့် မိမိတို့ တာဝန်ယူထားသော နယ်မြေမှအပ တခြားအဖွဲ့အစည်း တာဝန်ယူထားသော နယ်မြေအား စစ်ရေးမစ်ရှင် ဖော်ဆောင်ခြင်း(သို့) မိမိတို့အဖွဲ့မှ လုပ်ဆောင်ရန် ကိစ္စများရှိပါက လက်ရှိတာဝန်ယူထားသော နယ်မြေခံအဖွဲ့အား အကြောင်းကြားရမည်ဟု ဘုံသဘောတူညီချက်၌ ပါဝင်သည်။

ထို့အပြင် တိုက်ခိုက်ရေးအဖွဲ့များအနေဖြင့် မိမိတို့ အဖွဲ့များသာနယ်မြေအပိုင်ဟုနယ်မြေစွဲစိတ်ဓာတ်များ မထားရေးနှင် လက်ရှိနယ်မြေတာဝန်ယူထားသော အဖွဲ့သာလျှင် နယ်မြေတာဝန်ခံသာ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

စစ်ကူခေါ်ယူခြင်း နှင့် နီးစပ်ရာ မဟာမိတ်များ ပူးပေါင်း၍ စစ်ရေးမစ်ရှင် ဖော်ဆောင်ခြင်းများ ရှိလာပါက အဖွဲ့တာဝန်ခံအား တိုက်ရိုက်ဆက်သွယ်ရမည်ဖြစ်ပြီး သဘုံသဘောတူညီချက်တွင် လိုအပ်ချက်များရှိလာပါက ထည့်ဖြည့်စွက်နိုင်ကြောင်း ​ဖော်ပြထားသည်။

လက်ရှိတွင် စလင်းမြို့နယ် အရှေ့မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်မှုများ ရှိနေကြောင်းလည်း သိရသည်။

စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ -၂၅၃၊၂၅၄ နှင့် ၂၅၅)တပ်တို့ အခြေစိုက်ထားသည်။ထို့အပြင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံများရှိသည့် ပွင့်ဖြူ ၊စေတုတ္တရာနှင့် ဆိပ်ဖြူမြို့နယ်တို့ဖြင့် နယ်မြေချင်းထိစပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့သိမ်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ရဲ့ ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲက ခြုံခိုတိုက်ခိုက်ခဲ့လို ရဲဘော် ၄ဦး ကျဆုံးကာ ၁ဦးပျောက်ဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က...

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ စစ်တပ်က တပ်ကြပ်တစ်ဦး လက်နက်ယူပြီး အလင်းဝင်လာတယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။