Connect with us

Hi, what are you looking for?

သတင်း

ဓာတ်ဆီလောင်းမီးရှို့ခံရသည့်ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄ အမိန့် ထုတ်

ဓာတ်ဆီလောင်းမီးရှို့ခံရသည့် ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄အမိန့် ဖေ‌ဖော်ဝါရီ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည်။

ရဲခေါင်/People’s Spring

ဓာတ်ဆီလောင်းမီးရှို့ခံရသည့် ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄အမိန့် ဖေ‌ဖော်ဝါရီ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည်။

ဒေါပုံမြို့တွင် အိမ်ထောင်စုစာရင်းလိုက်လံကောက်ယူခဲ့သည့် စစ်ကောင်စီ၏ ရာအိမ်မှူး အောင်မိုးဆိုသူသည် ဆေးကုသနေစဥ် ဖေဖော်ဝါရီ ၂၆ ရက်က သေဆုံးခဲ့၍ နောက်တစ်ရက်တွင် ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပုဒ်မ(၁၄၄) အမိန့် ထုတ်ပြန်ခြင်း ဖြစ်သည်။

“ရာအိမ်မှူး​​သေ သွားတာတော့ အမှန်ပဲ။အလုပ်က ပြန်ရောက်တာမကြာသေးတော့ အမိန့် ထုတ်တာကို မသိရသေးဘူး”ဟု ဒေါပုံမြို့ ကြည်စုရပ်ကွက်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၂ ရက်က ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး အောင်မိုးနှင့် အပေါင်းအပါ နှစ်ဦးအား ဒေသခံတစ်ဦးက ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ဆီလောင်းမီးရှို့ခဲ့သူမှာ ထွက်ပြေးလွှတ်မြောက်သွားပြီ ဖြစ်သည်။

ယမန်နေ့က ထုတ်ပြန်သည့် ဒေါပုံမြို့နယ်ထွေအုပ်ရုံး၏ အမိန့်စာအရ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိခိုက်စေမည့်အပြင် ရုန်းရင်းမှုများဖြစ်ပွားနိုင်သည်ဟု ယုံကြည်ယူဆကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဒေါပုံမြို့နယ်တွင် စုဝေးခြင်း၊ဟောပြောခြင်း၊ယာဥ်တစ်မျိုးမျိုးကို အသုံးပြုခြင်းဖြစ်စေ၊လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည် လှုံ့ဆော်ဆန္ဒ ပြခြင်း၊ဖျက်ဆီးခြင်းနှင့် ရုန်းရင်းဆန်ခတ်မှုများကို တားမြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ်ထွေအုပ်က ဆိုသည်။

ထို့ပြင် လူငါးဦးနှင့် ငါးဦးထက်ပိုသော စုဝေးမှုမပြုလုပ်ရန်နှင့် နံနက် ၁ နာရီမှ ၃နာရီအတွင်း ညမထွက်ရဟု အမိန့်စာတွင် ပါရှိသည်။

“ဒေါပုံကမ်းနားဘက်မှာ ငါးယောက်မဟုတ်ဘဲ အယောက်ငါးဆယ်လောက်ရှိတဲ့ ဖဲရိုက်၊ဆေးသုံး၊ကြက်ဝိုင်း လုပ်နေတဲ့ ဒလန်ပျူစောထီးတွေရောပါလား။ပြီးရင် ညဘက် အိမ်တွေကို အုပ်စုလိုက် ခိုးနေတဲ့ သူခိုးတွေကို အရင်ဖမ်းပေးဦး”ဟု ဒေါပုံမြို့နယ် နေသူတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ပုဒ်မ ၁၄၄ကို နိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ထုတ်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် လိုအပ်သလိုပြင်ဆင်ခြင်းကာ အချိန်လျှော့ချသတ် မှတ်ခြင်း၊ရုပ်သိမ်းခြင်းအချို့ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။