Connect with us

Hi, what are you looking for?

သတင်း

လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ​၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်နိုင်ဟု KNU သတင်းရင်း မြစ်ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ်ရှိစစ်ကောင်စီတပ် စခန်းတစ်ခုကို ယနေ့ (မတ်လ ၂ရက်) ညပိုင်း၌ အပြီး သတ်သိမ်းပိုက်နိုင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ထိုင်း - မြန်မာနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူလူတူစခန်းမီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - วันนี้ที่แม่สอด อ.แม่สอด/FB

ဟန်နွေ၊ နိုင်ပကောင်း / People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ်ရှိစစ်ကောင်စီတပ် စခန်းတစ်ခုကို ယနေ့ (မတ်လ ၂ရက်) ညပိုင်း၌ အပြီး သတ်သိမ်းပိုက်နိုင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ထိုင်း – မြန်မာနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို KNU ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၇ရက်က စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄ရက်မြောက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စခန်းကိုသိမ်းလိုက်ပြီးနောက် ယနေ့ ည ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးလိုက်နိုင် သည်ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” အခြေအနေက ထောက်ကြည့်တော့ သေချာတော့ သေချာပြီတဲ့။ အခုတော့ ရှင်းနေတုန်း။ ရန်သူ တချို့တော့ သေတယ်။တ ချို့တော့ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့သူကျတော့ လိုက်လံပြီး ရှင်းလင်းတာပေါ့”ဟု KNU သတင်းရင်းမြစ်ကလည်း ယနေ့ မတ်လ ၂ရက်ညပိုင်း၌ ပြောသည်။

လက်နက်ရရှိမှု၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးဘဲ ရှင်းလင်းရေး ဆောင်ရွက်နေဆဲဖြစ်သည်ဟု ပြောပြသည်။

တိုက်ပွဲစတင်ချိန်ကတည်းက စစ်ကောင်စီက လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့၍ ဒေသခံများလည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သည်။

ယခု KNU ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက် လိုက်သည့် စစ်ကောင်စီတပ်စခန်းနေရာ မီးလောင်နေသည့် ဓာတ်ပုံမှတ်တမ်းကိုလည်း လူမှုကွန်ရက်၌ ယနေ့ ညပိုင်း၌ ဖော်ပြမှု အချို့တွေ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ(၇)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု နည်းခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ကာ KNU ဗဟို ဌာနချုပ်ဟောင်း မာနယ်ပလော ဌာနချုပ်နယ်မြေ အပါအဝင်စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

နယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားပြီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ကြောင့် ထိုင်းစစ်တပ်သည် နယ်စပ်တလျောက်၌ လုံခြုံရေး တိုးမြှင့်ချထားပြီး အသင့်အနေအထားဖြင့် အခြေအနေ အနီးကပ် စောင့်ကြည့်နေသည်ကို ထိုင်းစစ်ဘက် လူမှုကွန်ရက်များတွင် ဖော်ပြထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook