Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ အထွေထွေဖိနှိပ်ကို ဆန့်ကျင်ကြဖို့ စစ်ကိုင်းတိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ အထွေထွေဖိနှိပ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ အထွေထွေဖိနှိပ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက “အထွေထွေကြပ်တည်းမှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ဆိုတဲ့ စာသားကိုင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ပြည်သူတွေဟာ “အထွေထွေဖိနှိပ်ကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားတွေ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာလည်း တော်လှန်ပြည်သူတွေနဲ့ ရွှေဘိုမြို့နယ်သပိတ်အင်အားစုရဲဘော်တွေစုပေါင်းပြီး “အထွေထွေဖိနှိပ်ကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ရွှေဘိုသပိတ်အင်အားစု

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။