Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အရပ်သားတွေကို လုံခြုံရေးအကြောင်းပြစစ်ဆေးပြီး လုယက်နေ

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျုစောထီးတွေ က လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ပြီး လုယက်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်လို့ ကြုံ့တွေ့ခဲ့ရသူတွေ ဆီကသိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပြုလုပ်တဲ့ ပြည်သူ့စစ်သင်တန်းဆင်းပွဲ။ ဓာတ်ပုံ - စစ်ကောင်စီ/File

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျုစောထီးတွေ က လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ပြီး လုယက်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်လို့ ကြုံ့တွေ့ခဲ့ရသူတွေ ဆီကသိရပါတယ်။

မနက်အစောပိုင်းနဲ့ ညပိုင်းအချိန် မှာ အရပ်သားတွေကို ပြောက်ကျား ယူနီဖောင်းဝတ် အမျိုးသား ၅ ဦးခန့်ပါတဲ့ အဖွဲ့က လုံခြုံရေးအကြောင်းပြ တားဆီး စစ်ဆေးပြီး ဖုန်း ၊ ပိုက်ဆံ အတင်းအဓမ္မ တောင်းယူ ၊ လုယက်တာ လို့သိရပါတယ်။

မတ်လ ၁ ရက်က ချမ်းမြသာစည်မြို့နယ်ထဲမှာ သုံးဘီးယာဉ် စီးနင်းလာတဲ့ အမျိုးသမီး ငယ်တွေကို တားဆီးပြီး တယ်လီဖုန်း စစ်မယ်ဆိုကာ ဖုန်းတွေကို လုယူသွားတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးငယ်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

” ဖုန်းတွေ တန်းစီထုတ်ခိုင်းပြီး ဟိုဘက်လှည့်နေဆိုပြီး ဖုန်းတွေ အကုန်သိမ်းပြီးပြေးသွားတာ”လို့ အဲဒီ အမျိုးသမီးငယ်က ပြောပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်မှာ မနက် ၆နာရီ ခန့်က ဆိုင်ကယ်စီး လူငယ် ၃ ဦးကို တားဆီးပြီး ဖုန်းတွေ တောင်းကာ လုယူမှု ဖြစ်ခဲ့ပါသေးတယ်။

” သူတို့က မတ်တူးကား ( Toyota Mark II)နဲ့ရောက်လာတာပဲ၊ ကားထဲမှာ ပြည်သူ့စစ်အကျီချိတ်ထားတာမြင်လိုက်တယ်” လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ် က ပြောပါတယ်။

စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့မှာ ပျုစောထီးလို့ လူသိများတဲ့ ပြည်သူ့စစ်တွေကို စစ်ကောင်စီကမွေးထုတ်နေပြီး လက်နက်တပ်ဆင်ပေးထားတာပါ။

ပျုစောထီးတွေကို ရပ်ရွာ ထဲ ကင်းပတ်စေတာ ၊ ရပ်ကွက်ရုံးတွေမှာ လုံခြုံရေးယူတာ ၊ လမ်းသွားလမ်းလာ အရပ်သားတွေကို စစ်ဆေးတာတွေ အထိ စစ်ကောင်စီက ခွင့်ပြုထားသလို မန္တလေးတိုင်း ၊မတ္တရာနယ်က တိုက်ပွဲတွေမှာလည်း အသုံးချတာရှိပါတယ်။

တဖက်မှာလည်းမန္တလေးမြို့ပေါ်က ဓားပြမှုတွေ မှာ ပျုစောထီးတွေ ပါဝင်နေတယ်ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးရတဲ့ ဖြစ်စဉ်လည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပုသိမ်ကြီးမြို့နယ် ၊ မဲကင်းကုန်ကျေးရွာရပ်ကွက်ရုံး က ပျုစောထီး ဒုခေါင်းဆောင် မှန်ကြီးဆိုသူကို ဓားပြမှုနဲ့ ရဲက ဖမ်းဆီးစစ်ဆေးခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ