Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမှာ တိုက်ပွဲကြောင့် ဒေသခံ ၁၀, ၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရ

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁၀,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁၀,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။

ဖေဖော် ဝါရီ ၂၈ရက်ကနေ မတ်လ ၄ရက်အထိ ၅ ရက်တာအတွင်း မြင်းခြံမြို့ရဲ့အရှေ့မြောက်ဘက်ရှိ ကျေးရွာတွေအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၇ ရွာက ပြည်သူတွေ တိမ်းရှောင်နေရတာပါ။

မတ်လ ၅ ရက်စပြီး တိုက်ပွဲတွေ ပြန်ငြိမ်သွားပေမယ့် လေကြောင်းတိုက်ခိုက်မှု တွေ ဆက်ရှိနေသေးတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

” လေကြောင်းကနေ ဆက်တိုက်ဗုံးချတာတွေလုပ်နေသေးတော့ ရွာတွေထဲမှာ မနေရဲ အကုန်ရှောင်နေရတယ်၊ ပြန်မကပ်ရဲကြဘူး”လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင် သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲငြိမ်သွားပေမယ့် နှစ်ဖက် စစ်ရေးအခြေနေ တင်းမာမှုရှိနေတယ်လို့အဲဒီတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်အသိပေးပါတယ်။

အရပ်သားတွေနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေကတော့ တူရွင်းဘို့၊ ဓူဝံ၊ ကျောက်ဖြူကန်၊ ဆိပ်ကုန်း၊ ကျီးပင်ကန်၊ ကျောက်ပြုတ်၊ ယုန်ထိုးစတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် က လုံခြုံရေး ကင်းစောင့်နေတဲ့ PDF တပ်ဖွဲ့ဝင် တစ်ဦးစစ်ကောင်စီတပ်ကင်းပုန်းနဲ့ တိုးပြီး ဖမ်းဆီး သတ်ဖြတ် ခံရာကနေ မြင်းခြံနယ်မှာထိတွေ့ တိုက်ပွဲ စဖြစ်တာလို့သိရပါတယ်။

တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ပြန်ဆုတ်ရာမှာ မြင်းခြံမြို့ပေါ် နဲ့ဆိုရင် ၇ မိုင်ခန့်သာဝေးတဲ့ ဓူဝံရွာကို ဖေဖော်ဝါရီ ၂၈ ရက်မှာ မီးရှို့သွားသလို မတ် ၁ ရက်မှာ တူးရွင်းဘို့ရွာ ၊ မတ်လ ၂ ရက်မှာ ကျောက်ပြုတ်ရွာ တွေလည်းဆက်တိုက် မီးရှို့ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။