Connect with us

Hi, what are you looking for?

သတင်း

ပင်လယ်ကူး သင်္ဘောနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့တဲ့ ငါးဖမ်းလှေပေါ်က မြန်မာအပါအဝင် လှေလုပ်သားတွေကို ထိုင်းကယ်ဆယ်

ပင်လယ်ကူး ခရီးသည်တင် သင်္ဘောတစ်စီးနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့တဲ့ ငါးဖမ်းလှေပေါ်က မြန်မာတွေ အပါအဝင် အဖွဲ့သား အားလုံးကို ဘေးကင်းကင်းနဲ့ ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ပင်လယ်ကူး ခရီးသည်တင် သင်္ဘောတစ်စီးနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့တဲ့ ငါးဖမ်းလှေပေါ်က မြန်မာတွေ အပါအဝင် အဖွဲ့သား အားလုံးကို ဘေးကင်းကင်းနဲ့ ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းပင်လယ်ကွေ့ထဲမှာ မတ်လ ၉ ရက်နေ့ မနက်အစောပိုင်းတုန်းက ငါးဖမ်းလှေဟာ ပင်လယ်ကူး သင်္ဘောကြီး တစ်စီးနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နောက် လှေလုပ်သား တစ်ယောက်ဟာ ဂြိုဟ်တု ဆက်သွယ်ရေးဖုန်း အသုံးပြု ဆက်သွယ်ခဲ့တဲ့အတွက် Vor Sapchanon ငါးဖမ်းလှေ ဒုက္ခရောက်နေတဲ့ အကြောင်းကို လှေပိုင်ရှင်က သိရှိခဲ့ပါတယ်။ အဲဒီနောက် သူက ထိုင်းရေကြောင်း ဦးစီးကွပ်ကဲမှု ဌာနဆီ ထပ်ဆင့် အကြောင်းကြားပြီး အကူအညီ တောင်းခံခဲ့ပါတယ်။

ဂြိုဟ်တုဖုန်းနဲ့ ဆက်သွယ်ချိန်မှာ လှေလုပ်သားက သူတို့ရဲ့ လှေဟာ ဆွန်ခလာ-နက်ခွန် ဆီသာမာရတ် ကမ်းရိုးတန်းနဲ့ ရေမိုင် ၇၀၊ ၈၀ ဝန်းကျင် အကွာမှာ နစ်မြုပ်လုနီးပါး ဖြစ်နေတယ်လို့ သတင်းပို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံသား သီရာဝတ် သောင်မိုင်က လှေဦးစီး တာဝန်ယူထားတဲ့ ငါးဖမ်းလှေပေါ်မှာ ထိုင်း ၃ ယောက်၊ မြန်မာ ၃ ယောက်နဲ့ ကမ္ဘောဒီးယား ၃ ယောက်၊ စုစုပေါင်း လှေအဖွဲ့သား ၉ ဦး အလုပ်လုပ်နေခဲ့ကြတာပါ။ အကြောင်းကြားမှုကို လက်ခံရရှိပြီးတဲ့နောက် ဌာနဟာ လှေကို ရှာဖွေဖို့ မစ်ရှင်ကို ချက်ချင်း အစပြုခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၉ ရက်နေ့ ဒေသစံတော်ချိန် ၁၀ နာရီ ဝန်းကျင်မှာတော့ ရေတပ် ရဟတ်ယာဉ် တစ်စီးဟာ အဲဒီ ၉ ယောက်စလုံးကို ပင်လယ်ထဲကနေ ဘေးကင်းကင်းနဲ့ ကယ်ထုတ်နိုင်ခဲ့ပြီး ဆွန်ခလာ ရေတပ်စခန်းဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ငါးဖမ်းလှေဟာ မတ်လ ၈ ရက်နေ့ကမှ ဆွန်ခလာကနေ ပင်လယ်ထဲကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ကူး သင်္ဘောနဲ့ တိုက်မိပြီးတဲ့နောက် မကြာခင်မှာပဲ လှေဟာ နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ပင်လယ်ကူး သင်္ဘောရဲ့ နာမည်ကို မထုတ်ပြန်သေးသလို ငါးဖမ်းလှေနဲ့ တိုက်မိခဲ့တယ် ဆိုတာကိုရော အဲဒီ ရေယာဉ်ရဲ့ အမှုထမ်းတွေက သတိထားမိခဲ့သလား ဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ကိုးကား: Bangkgok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။