Connect with us

Hi, what are you looking for?

သတင်း

ဖိနှိပ်မှုအလွန်များသည့် စစ်ကောင်စီတပ်တွင်မနေဘဲ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသည့် ရဲဘော် တိုက်တွန်း

စစ်ကောင်စီတပ်တွင်း၌ ဖိနှိပ်မှုအလွန်များပြား၍ ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသော တပ်သား စိုးလင်းအောင်က တိုက်တွန်းလိုက်သည်။

အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသော တပ်သား စိုးလင်းအောင်

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်တွင်း၌ ဖိနှိပ်မှုအလွန်များပြား၍ ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသော တပ်သား စိုးလင်းအောင်က တိုက်တွန်းလိုက်သည်။

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့ဖြတ်တောက်မှုခံနေရသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅)လက်အောက်ခံ ခလရ(၃)တပ်ရင်းမှ တပ်သား စိုးလင်းအောင်သည် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA)နှင့် ပူးပေါင်းတပ်များထံ အလင်းဝင်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့အလင်းဝင်လာမှုအပေါ် မေးမြန်းထားသည့် တပ်သား စိုးလင်းအောင်၏ ပြောကြားချက်ရုပ်သံကို KNLA ဗဟိုဌာနချုပ်က ယနေ့ (မတ်လ ၁၀ရက်) ထုတ်ပြန်ခဲ့သည်။

တပ်သား စိုးလင်းအောင်အနေဖြင့် သူငယ်ချင်းများနှင့်အတူ ဂစ်တာတီးနေချိန် အရပ်ဝတ်များက ကားဖြင့် လာခေါ်ပြီး ဒညင်းကုန်းစုဆောင်းရေးသို့ ပို့ဆောင်ခဲ့၍ စစ်ကောင်စီတပ်သို့ရောက်ရှိလာရခြင်းဖြစ်ကြောင်း၊ အောင်ဇေယျ စစ်ဆင်ရေးအတွင်း ဖိနှိပ်မှုနှင့် အစာငတ်ပြတ်မှုကြောင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

“ထမင်းမစားရမသောက်ရ ငတ်ပြတ်နေပြီးတော့ ရောဂါဖြစ်တာကို ဆေးကုသမှု မကုသပေးတာနဲ့ နောက်ပြီး စားဖို့ သောက်ဖို့ ရိက္ခာတွေလည်း လာမပို့ပေးတာကြောင့် အလင်းလာဝင်တာ”ဟု တပ်သား စိုးလင်းအောင်က ပြောသည်။

စစ်ကောင်စီတပ်တွင်း အောက်ခြေရဲဘော်များ အဖိနှိပ်ခံရပြီး အများစုက အလင်းဝင်ချင်ကြကြောင်း ၎င်းကဆိုသည်။

“အမြန်ဆုံးအလင်းလာဝင်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် တပ်သားစိုးလင်းအောင်က တိုက်တွန်းသည်။

စစ်ကောင်စီတပ်တွင်း၌ ဖိနှိပ်မှုများပြားကြောင်း၊ တခုခုဖြစ်ပါက ရဲဘော်များကို ထိုးကျွေးသည့် လုပ်ရပ်များကြောင့် အကြီးအကဲများကို စိတ်နာနေကြကြောင်း ၎င်းက ဆိုသည်။

“ဖိနှိပ်မှုက တအားများတယ်။ ဥပမာ ရိက္ခာတစ်ခုလာပို့ပြီဆိုရင်တောင် ရဲဘော်တွေကို ကျွေးတာမရှိဘူး သူတို့ အကြီးအကဲတွေပဲ အများဆုံးစားတာ” ဟု တပ်သားစိုးလင်းအောင်က ပြောသည်။

အောင်ဇေယျ စစ်ဆင်ရေးအပါအဝင် စစ်ကောင်စီက နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားရာဒေသများ၌ တပ်သားသစ်များကို စစ်မြေပြင်သို့ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လျက်ရှိရာ တိုက်ပွဲများ အတွင်း စစ်မှုထမ်း တပ်သားသစ်သေဆုံးထိခိုက်မှု၊ အရှင်ဖမ်းဆီးခံရမှု လက်နက်ချက် အလင်းဝင်မှုများ မကြာခဏ ဖြစ်ပေးလျက်ရှိသည်။

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ခဲ့သည့် ကာလအတွင်း အလင်းဝင်ရောက်လာသူ နှင့် ဖမ်းမိသူ စုစုပေါင်း ၅၈ဦးရှိကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် လူထုနွေဦးသို့ ပြောထားသည်။

“၂၀၂၄ လေးလပိုင်းကစပြီး ၂၅ နှစ်လပိုင်းအထိ လက်နက်နဲ့ အလင်းဝင်လာတာ ၁၉ယောက်ရှိတယ်။ လက်နက်မပါဘဲ အလင်းဝင်လာတာက ၃၂ ဦးရှိတယ်။ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ၇ဦးရှိတယ်။ အားလုံးအောင်ဇေယျစစ်ကြောင်းမှာ ကျွန်တော့တို့ဆီရောက်လာတာ ၅၈ဦးရှိပြီ။”ဟု ဗိုလ်မှူးဒါဘောကပြောသည်။

အင်အားဖြည့်တင်းမှုများရှိသော်လည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အတင်းအကြပ်ဖမ်းဆီး၍ သင်တန်းပေးထားသူများဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများထံသို့ ထွက်ပြေးလာသူ ပိုမိုများပြားလာကြောင်းလည်း ၎င်းကဆိုသည်။

အောင်ဇေယျစစ်ကြောင်းအနေဖြင့် ချီတတ်လာချိန်တွင် တပ်ရင်းတစ်ခုစီ၌ အင်အား ၁၂၀မှ ၁၅၀ခန့် အထိပါဝင်သော်လည်း လက်ရှိအချိန်၌ တပ်ရင်းတစ်ခုလျှင် အင်အား ၄၀မှ ၇၀ခန့်သာရှိတော့ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။