Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်ရဲစခန်း၊ထွေအုပ် နှင့် စရဖရုံးတို့ကို ပူး​ပေါင်းတပ်များစီးနင်းတိုက်ခိုက်

တော်လှန်​ရေးပူး​ပေါင်းတပ်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-LLPDF

ကဖေး/People’s Spring

လောင်းလုံးမြို့နယ် ရဲစခန်း၊ ထွေအုပ်ရုံး၊ စရဖရုံးတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) ကထုတ်ပြန်သည်။

မတ် ၈ ရက် နံနက် ၆နာရီမှ နေ့လည် ၁၂နာရီ အထိလောင်းလုံးမြို့နယ် ရဲစခန်း၊ ထွေအုပ်ရုံး၊ စရဖရုံးတို့ကို PDF ပူး​ပေါင်းတပ်များကတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီက ရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးပစ်ကူပေးသလို ထား၀ယ်မြို့ပေါ် အ​ကောက်ခွန်ဆိပ်ကမ်းမှလည်း လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟုဆိုသည်။

“စခန်းသိမ်းတိုက်ပွဲပဲ။ နာရီနဲ့ချီပြီးတိုက်ပွဲဖြစ်တာ။ စစ်တပ်ဘက်က ဒီနေ့အထိ ရမ်းပစ်နေတုန်းပဲ” ဟု မြေပြင်မှ PDF တဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်​ရေးကို ထား၀ယ်ခရိုင်တပ်ပေါင်းစုနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားဝောာ်လှန်ရေးတပ်ဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တော်လှန်ရေးရဲဘော်များအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း LLPDF က အသိ​ပေးထားသည်။

ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် ပူးပေါင်းတပ်များသည် ၂၀၂၄ ခုနှစ် ၊ဒီဇင်ဘာလကလည်း လောင်းလုံးမြို့နယ်ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီစခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည်။ စခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီးအမှတ် (၄၀၅) ခြေလျင်တပ်ရင်း (ခမရ၄၀၅) တပ်ရင်းမှူးအပါအဝင် ၄၀ဦးနှင့်အထက် သေဆုံးခဲ့သည်။ ထိုအပြင်ခမရ(၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရရှိခဲ့သည်။

ထားဝယ်ခရိုင်တပ်ပေါင်းစုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်း ၊ ထားဝယ်၊ လောင်းလုံး၊သရက်ချောင်း၊ ရေဖြူမြို့နယ်ပကဖများ ပူးပေါင်း၍ ၂၀၂၄ခုနှစ်အောက်တိုဘာလကဖွဲ့စည်းခဲ့သည်။ထို​နောက် ပူးပေါင်းစစ်‌ရေးများဖော်ဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နှစ်ဦးကိုလည်လှီးသတ်ခဲ့ပြီး ကညုံကျွန်းရွာအသက်၇၀အရွယ်အမျိုးအားအဓမ္မပြုကျင့်ခဲ့​

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို​တော်လှန်​ရေးတပ်​များက စီးနင်းတိုက်ခိုက်ခဲ့ရာ သေနတ်တစ်လက်နှင့် ကျည်ဘောက်ကိုးခု ရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ သာဂရမြို့ဟောင်းမှ မြို့ရိုးအားဖြိုချအကွက်ရိုက်ရောင်းချနေသည်ဆိုခြင်းအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုရက်ပိုင်းအတွင်းလုပ်ဆောင်နိုင်ရန် ပြင်ဆင်နေကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ-ထားဝယ်ခရိုင်(DDMSC)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးရဲဘော်အချို့အပါအဝင် ပြည်သူ ၇,၅၀၀ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။