Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထပ်ထိုးနေလို့ ဒေသခံ ၂၀,၀၀၀ ခန့်စစ်ရှောင်နေရ

မကွေးတိုင်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီနောက်ဆုံးလကုန်ပိုင်းက စတင်ပြီး စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားပြည်သူ ၂၀,၀၀၀ နီးပါးထွက်ပြေးနေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မကွေးတိုင်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီနောက်ဆုံးလကုန်ပိုင်းက စတင်ပြီး စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားပြည်သူ ၂၀,၀၀၀ နီးပါးထွက်ပြေးနေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကစတင်ပြီး စစ်ကြောင်းထိုးရာမှာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသရှိ မြေစွန်းတော်၊ မာလကာခြံ၊ ဆင်ခြေရာ၊ ရွာသစ်၊ ရွှေလျှံ၊ သုခဒီပ စတဲ့ရွာတွေက ဒေသခံ တွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ရှောင်တွေထဲမှာ လူ ၁၀၀ ခန့် ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားနေပြီး နာတာရှည်ဝေဒနာသည်တွေလည်း ပါဝင်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါး လိုအပ်ချက်ရှိတယ်လို့ စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦး က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ စစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသ ရေစကြိုမြို့နယ်အပိုင်ထဲက သာဂေါင်ရွာမှာ အထိုင်ချထားတယ်လို့သိရပါတယ်။

စစ်ကြောင်းထိုးခံရတဲ့ရွာတွေဟာ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်က ရွာတွေ ဖြစ်ကြပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သာဂေါင်ရွာကနေ မြောင် မြို့နယ်ထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းပေမယ့် အထိအခိုက် အများအပြားနဲ့ ပြန်ဆုတ်နေရတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့ခေါင်းဆောင် ကိုနွေဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။

ဒီနေ့ မတ်လ ၁၁ ရက်အထိ စစ်ရေးအခြေအနေကတော့ စစ်ကောင်စီစစ်ကြောင်းဟာ သာဂေါင်ရွာမှာပဲ ဆက်ရှိနေ ပေမယ့် ဒေသခံတွေကတော့ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ကိုနွေဦးက အသိပေးရေးသားပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့ နဲ့ထိစပ်နေပြီး မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသကို အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ကျေးရွာတွေကို မီးတင်ရှို့တာတွေပြုလုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။