Connect with us

Hi, what are you looking for?

သတင်း

ဆစ်ဒနီမှာ ဖျော်ဖြေပွဲပြုလုပ်မယ့် ဖြူဖြူကျော်သိန်း

ပြည်တွင်းကလိုအပ်နေတဲ့နေရာတွေမှာ အသုံးပြုဖို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ တွေ ပြုလုပ်နေတဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ တတိယမြောက်တစ်ကိုယ်တော်ပွဲကို ဩစတေးလျ နိုင်ငံမှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဆဏ်း /People’s Spring

ပြည်တွင်းကလိုအပ်နေတဲ့နေရာတွေမှာ အသုံးပြုဖို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ တွေ ပြုလုပ်နေတဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ တတိယမြောက်တစ်ကိုယ်တော်ပွဲကို ဩစတေးလျ နိုင်ငံမှာ ပြုလုပ်မှာဖြစ်ပါတယ်။

“ဧပြီ ၅ ရက်နေ့မှာ Phyu Phyu in Sydney နဲ့ စဖွင့်ပါမယ်။ Riverside Theatre Paramatta ဆိုတဲ့ လှပ တဲ့လူ ၇၅၀ ဆံ့ ကဇာတ်ရုံကြီးမှာ လုပ်မှာဖြစ်ပါတယ်။ ” လို့ Phyu Phyu in Australia ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး အသိပေးထားပါတယ်။

ဒီပွဲကို ဩစတေးလျနိုင်ငံရောက် မြန်မာလူငယ်တွေက စီစဉ်တာဖြစ်ပြီး လက်မှတ်တွေကို မတ် ၁၃ ရက်မှာစတင်ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ပွဲမတိုင်ခင်မှာလည်း ပရိသတ်တွေနဲ့ သီးသန့်တွေ့ဆုံတဲ့ အစီအစဉ် ပြုလုပ်မှာဖြစ်ပြီး အဲဒီ့ပွဲအတွက်တော့ လူ ၅၀ စာ လက်မှတ်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

ဖျော်‌ဖြေပွဲ လက်မှတ်ဈေးနှုန်းတွေကို ကြေညာထားတာမတွေ့ရပေမယ့် ပရိသတ်နဲ့တွေ့ဆုံပွဲကိုတော့ ဩစတေးလျဒေါ်လာ ၁၅၀ သတ်မှတ်ထားတယ်လို့ ကြေညာထားပါတယ်။

နွေဦး‌ ‌တော် လှန်ရေးကာလမှာ ဖြူဖြူကျော်သိန်းက ပြည်တွင်းကလိုအပ်နေတဲ့နေရာတွေကို ကူညီနိုင်ဖို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေပြုလုပ်နေတာဖြစ်ပြီး လန်ဒန် နဲ့ ကိုရီးယားမှာ ဖျော်‌ဖြေပွဲတွေပြုလုပ်ခဲ့ပါတယ်။

ရှေ့ပွဲနှစ်ပွဲစလုံးက ပရိသတ်အားပေးမှုနဲ့ အောင်မြင်တဲ့ ဖျော်ဖြေပွဲတွေဖြစ်ခဲ့ပြီး ဖြူဖြူကျော်သိန်းက အနုပညာကြေးမယူပဲ ဖျော်ဖြေပေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်က ပြုလုပ်ခဲ့တဲ့ ကိုရီးယား ဖျော်ဖြေပွဲက မြန်မာငွေ သိန်း ခြောက်ထောင့်ရှစ်ရာ ခန့်ရရှိခဲ့ပါတယ်။

ဩစတေးလျနိုင်ငံရဲ့ မြို့ လေးမြို့မှာ ငါးပွဲဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ခံခဲ့ရပေမယ့် သူမရဲ့ကျန်းမာရေးအခြေအနေအရ နှစ်ပွဲသာဖျော်ဖြေနိုင်မယ်လို့ ပြီးခဲ့တဲ့ရက်က အသိပေးထားပါတယ်။

ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေကို သူမရဲ့ ကျန်းမာ‌ရေးအခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဆိုတော်ဖြူဖြူ‌ကျော်သိန်းက ဗီဇာမရတာကြောင့် နယူး‌ယောက်မှာ ပြုလုပ်မယ့်ပွဲကို မလာနိုင်ပေမယ့် အွန်လိုင်းက ဖျော်ဖြေဖို့ စီစဉ်နေတယ်လို့ NYCBC က အသိပေးထားပါတယ်။

သတင်း

မြန်မာပြည်မှာ‌မွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ‌ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာ‌ကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။

သတင်း

အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

Facebook