Connect with us

Hi, what are you looking for?

သတင်း

နယူးယောက်မြို့ကိုရောက်လာသည့် ကိုထိန်လင်း

အမေရိကန်ရောက် မြန်မာပြည်သူများနှင့် တွေ့ဆုံပွဲကို တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ KimAris (ခေါ်) ကိုထိန်လင်း နယူးယောက်သို့ ယနေ့ရောက်ရှိလာပြီဖြစ်သည်။

ဓာတ်ပုံ- Kyaw Soe Latt

People’s Spring

အမေရိကန်ရောက် မြန်မာပြည်သူများနှင့် တွေ့ဆုံပွဲကို တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris (ခေါ်) ကိုထိန်လင်း နယူးယောက်သို့ ယနေ့ရောက်ရှိလာပြီဖြစ်သည်။

Suu 80th Birthday Campaign အတွက်မြန်မာပြည်သူများနှင့်တွေ့ဆုံပွဲကို Kim Aris နှင့်အတူ၊ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဒေါ်အောင်ဆန်းစုကြည်၏စီးပွါးရေးအကြံပေး Sean Turnell တို့ တက်ရောက်ကြမည်ဖြစ်သည်။

တွေ့ဆုံပွဲကို မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီကနေ ၄ နာရီအထိ ကျင်းပမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော့်ရဲ့ မေမေ့ကို အမြန်ဆုံးလွတ်မြောက်စေချင်တဲ့ မီးတောက်လိုပြင်းပြတဲ့ ဆန္ဒကြောင့် အမေရိကန်ခရီးစဉ်ကို စတင်ခဲ့ပါတယ်” လို့ ကင်မ်ကသူ့ခရီးစဥ်နဲ့ပတ်သက်ပြီး ပြောသည်။

ယခုခရီးစဉ်မှာ သူ့မိခင်နှင့်အတူ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊ မြန်မာနိုင်ငံရှိ စစ်ဘေးခံပြည်သူတွေ အမြန်ဆုံး လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိစေရေးတို့ကို ဦးစားပေးလုပ်ဆောင်ပြီး အမေရိကန်ရောက် မြန်မာနွယ်ဖွားများ၊ ကူညီထောက်ပံ့ပေးသူများနှင့်တွေ့ဆုံသွားမှာဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လာမယ့်ဇွန်လမှာ အသက် ၈၁ နှစ်ပြည့်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အသက်ရှင်ကြောင်း ယုံကြည်ခိုင်မာတဲ့သက်သေပြဖို့ ငြင်းဆန်နေတာဟာ ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ပြောပါတယ်။

သတင်း

အမှီအခိုကင်းတဲ့အဖွဲ့အစည်းတွေက​ဒေါ်​အောင်ဆန်းစုကြည်အ​ခြေ​အ​နေကိုအတည်မပြုမချင်းစစ်တပ်​ပြောတာတွေကိုမယုံနိုင်​ကြောင်းကင်မ်အဲရစ် အသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်အိုးအိမ်ပျက်စီးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ လက်တွေ့ဘ၀ဟာ ရင်ကွဲစရာလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မေးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ)ကင်အဲရစ်ကပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) Kim Aris တို့ တွေ့ဆုံခဲ့ကြောင်း ယာယီသမ္မတနှင့် ကိုထိန် လင်းတို့က ယနေ့ စက်တင်ဘာ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

Facebook