Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ တပ်သားတွေ ထိုင်းပိုင်နက်ထဲထိ ထွက်ပြေးခဲ့ကြောင်း ထိုင်းစစ်တပ် အတည်ပြု

ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားတွေ ထိုင်းနိုင်ငံထဲ အသက်လု ထွက်ပြေးခဲ့တဲ့ အကြောင်းကို ထိုင်းစစ်တပ်ကလည်း အတည်ပြု ကြေညာခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့စဥ်ကစစ်တပ်စခန်းမီး​လောင်​နေစဥ် /စစ်တပ်​ကလေ​ကြောင်းဗုံးကြဲစဥ်။ ဓါတ်ပုံ-Khaosod

People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားတွေ ထိုင်းနိုင်ငံထဲ အသက်လု ထွက် ပြေးခဲ့တဲ့ အကြောင်းကို ထိုင်းစစ်တပ်ကလည်း အတည်ပြု ကြေညာခဲ့ပါတယ်။

KNUရဲ့ တပ်မဟာ ၇ နယ်မြေထဲမှာ ပါဝင်တဲ့ လှိုင်းဘွဲ့ မြို့နယ်ထဲက ပူလူတူ စစ်ကောင်စီ စခန်းကို KNUရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာစစ်သားတွေ မတ်လ ၁၄ ရက် မနက်ပိုင်းက ထိုင်းပိုင်နက်ထဲ ထွက်ပြေးခဲ့ကြောင်း KNUဖက်က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အခုတော့ ထိုင်းစစ်တပ်ကလည်း အဲဒီ သတင်းကို အတည်ပြုလာခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ စခန်း မကျဆုံးရေးအတွက် ခုခံခဲ့​ပေမယ့်၊ အဆုံးမှာတော့ KNUရဲ့ လက်နက်ကိုင် အင်အားစုဖြစ်တဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)ဟာ စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းစစ်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

KNUဟာ ပူလူတူ စစ်ကောင်စီ စခန်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကတည်းက စတင် ထိုးစစ်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ တပ်သားတချို့ သေဆုံးခဲ့ပြီး ကျန်တဲ့စစ်သားတွေကတော့ ထိုင်းပိုင်နက်ထဲထိ ထွက်ပြေးလာခဲ့တယ်လို့ ဖော်ပြပါရှိခဲ့ပါတယ်။

ထိုင်းရဲ့ တက်ခ်ပြည်နယ်ဖက်ခြမ်းကို မြန်မာစစ်သား ဘယ်နှယောက် ထွက်ပြေးလာသလဲ ဆိုတာကို ထိုင်းစစ်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမယ့် လောလောဆယ် လူသားချင်း စာနာမှု အကူအညီတွေနဲ့ စောင့်ရှောက်ထားတယ်လို့ အတည်ပြုထားပါတယ်။

KNU ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ စစ်ကောင်စီ တပ်သားတွေက စခန်းရော၊ လက်နက်တွေကိုပါ စွန့်ပြီး ထိုင်းဖက်ကို ထွက်ပြေးသွားတဲ့နောက် KNLA တပ်ဖွဲ့ဝင်တွေက ပူလူတူ စခန်းထဲ ဝင်ရောက် စီးနင်း သိမ်းယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ ပူလူတူ စခန်းကို လက်လွှတ်လိုက်ရတဲ့ ကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အဲဒီ စခန်းဟာ ထိုင်း-မြန်မာ နယ်စပ် အဓိက ကုန်သွယ်ရေး မြို့တစ်ခုဖြစ်တဲ့ မြဝတီရဲ့ မြောက်ဖက် ကီလိုမီတာ ၈၀ လောက် (မိုင် ၅၀ ခန့် )အကွာမှာ တည်ရှိပါတယ်။

စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း KNUဟာ စစ်ကောင်စီအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့ပြီး တပ်မဟာ ၇ ခုရဲ့ နယ်မြေတွေထဲက အရွယ်အစားပေါင်းစုံ စစ်ကောင်စီ စခန်းပေါင်း ၁၅၀ ကျော်ကို သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား- AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

သတင်း

မြန်မာဖက်ခြမ်းတိုက်ပွဲတွေကနေထိုင်းပိုင်နက်ထဲ ကျည်ဆန်တွေလမ်းချော်ကျရောက်လာတဲ့နောက် ထိုင်းစစ်တပ်ကသတိပေးပစ်ခတ်ခဲ့တယ်လို့ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

သတင်း

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်ကုရပ်ကွက် 7/11စတိုးဆိုင်အနီးမှာ မြန်မာ လူငယ် နှစ်ဦးက ထိုင်းရဲတပ်ဖွဲ့ဝင်အား သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားရာ လတ်မြောက်နေသူကို ထိုင်းစစ်တပ်က အပူတပြင်းရှာဖွေနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) မြိတ်-ထားဝယ်ခရိုင်/တပ်မဟာ(၄)ဆီကို စစ်ကောင်စီတပ်သားသစ် ၇ ဦး အလင်းဝင်လာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ သတင်းထုတ်ပြန်ပါတယ်။