Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီး PDFထံ စစ်မှုထမ်းတပ်သားသစ် ကိုးဦး အလင်းဝင်လာ

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ -၂၃၅ ၊ ၂၅၃)နှင့် ခြေမြန်တပ်ရင်း (ခမရ- ၁၁၃)တို့်မှ စစ်မှုထမ်းတပ်သားသစ် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာကြောင်း နွားထိုးကြီး PDFက ယနေ့(မတ်လ ၁၄ရက်)တွင် ထုတ်ပြန်သည်။

နွားထိုးကြီး PDFထံ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားသစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ − နွားထိုးကြီး PDF

ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ -၂၃၅ ၊ ၂၅၃)နှင့် ခြေမြန်တပ်ရင်း (ခမရ- ၁၁၃)တို့်မှ စစ်မှုထမ်းတပ်သားသစ် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာကြောင်း နွားထိုးကြီး PDFက ယနေ့(မတ်လ ၁၄ရက်)တွင် ထုတ်ပြန်သည်။

၎င်းတို့သည် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းခိုင်းသည့် အပတ်စဥ် (၅၊၆၊၇)တို့မှ တပ်သားသစ်များဖြစ်ပြီး ယခုလပထမပတ်နှင့် ဒုတိယပတ်တို့တွင် မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်း နွားထိုးကြီး PDF ထံ အလင်းဝင်လာခြင်းဟု ဆိုသည်။

မတ်လ ပထမပတ်က အလင်းဝင်လာသည့် တပ်သားမြင့်နိုင်၊တပ်သားအောင်နိုင်မိုး၊တပ်သား ထက်အောင်၊တပ်သားဝင်းနောင် နှင့် တပ်သား ဇော်မျိုးနိုင်တို့သည် MA -3 တစ်လက် နှင့် MA -1 တစ်လက် ကျည်များ ရာနှင့်ချီ ယူဆောင်လာကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မတ်လ ဒုတိယပတ်တွင် တပ်သား စောအောင်မင်းထွန်း၊တပ်သားဝေယံစိုး၊တပ်သား သီဟအောင် နှင့် တပ်သားစိုင်းထွဋ်ခေါင်တို့ အလင်းဝင်လာပြီး MA 1 တစ်လက်၊ကျည်ဘောက် သုံးခုနှင့်ကျည် အတောင့် ၁၀၀ ပါရှိသည်ဟု အသိပေးသည်။

“အကြမ်းဖက်အာဏာလုစစ်ကောင်စီ၏ လက်အောက်မှာ တာဝန်ဆက်လက်ထမ်းဆောင်ခြင်းဆန္ဒမရှိတော့လျှင် အချိန်မရွေးဆက်သွယ် ပြည်သူ့ရင်ခွင်ကိုခိုလှုံနိုင်ပါတယ်”ဟု နွားထိုးကြီး PDFက ပြောသည်။

အလင်းဝင်လာသူများအား ချီးမြှင့်ငွေများပေးကာ ၎င်းတို့ ဆန္ဒအတိုင်းလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း အသိပေးသည်။

ခလရ(၂၃၅)တပ်ရင်းသည် ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ်( ၁၀၁)လက်အောက်ခံတပ်ရင်းဖြစ်ကာ မြိုင်မြို့နယ်တွင် အခြေစိုက်ထားသည်။ ခလရ (၂၅၃)သည် စလင်းမြို့နယ်တွင် အခြေစိုက်ကာ ခမရ(၁၁၃)တပ်ရင်းသည် မိတ္ထီလာမြို့တွင်ရှိသည်။

ခလရ (၂၃၅ ၊၂၅၃)နှင့် တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်တို့သည် မတ်လ ၉ရက်က နွားထိုးကြီးမြို့နယ် ကျားတွင်းဘိုးကျေးရွာကို စစ်ကြောင်းထိုးစဥ် တိုက်ခိုက်ခံရပြီး ၅၀နီးပါးသေဆုံးကာ ၁၄ ဦးအရှင်ဖမ်းမိခဲ့ကြောင်း နွားထိုးကြီး PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။