Connect with us

Hi, what are you looking for?

သတင်း

ကိုထိန်လင်းနှင့် မြန်မာမိသားစုများတွေ့ဆုံပွဲမှ ရန်ပုံငွေ ကန်ဒေါ်လာ ငါးသောင်းကျော်ရ

ကိုထိန်လင်းနှင့် မြန်မာမိသားစုများ နယူးယောက်မြို့တွေ့ဆုံပွဲတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ရန်အတွက်ရံပုံငွေ အမေရိကန်ဒေါ်လာ ငါးသောင်းကျော်ရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - Revo-NYC Photography Group

People’s Spring

ကိုထိန်လင်းနှင့် မြန်မာမိသားစုများ နယူးယောက်မြို့တွေ့ဆုံပွဲတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ရန်အတွက်ရံပုံငွေ အမေရိကန်ဒေါ်လာ ငါးသောင်းကျော်ရရှိခဲ့ကြောင်းသိရသည်။

Suu 80th Birthday Campaign အတွက် နယူးယောက်ရှိ မြန်မာမိသားစုများနှင့် မတ်လ ၁၅ ရက်က တွေ့ဆုံခဲ့ပြီး နယူးယောက်ဒေသခံ မြန်မိသားစုများအပါအဝင် နီးစပ်ရာအခြားမြို့များမှ မြန်မာမိသားစုများ မြန်မာ့နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ စုစုပေါင်း ၁၀၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။

အဆိုပါပွဲတွင် Kim Airs ၏ ပုံတူပန်းချီကားကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဒေါ်လာ၊ Suu 80th Birthday Calender ကိုအမေရိကန်ဒေါ်လာ ၅၅၀၀ ဒေါ်လာတို့ဖြင့်လေလံတင်ရာင်းချခဲ့သည်။ ထို့အပြင် Suu 80th Birthday Postcard များလည်းရောင်းချခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လာမယ့်ဇွန်လမှာ အသက် ၈၁ နှစ်ပြည့်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အသက်ရှင်ကြောင်း ယုံကြည်ခိုင်မာတဲ့သက်သေပြဖို့ ငြင်းဆန်နေတာဟာ ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ပြောပါတယ်။

သတင်း

အမှီအခိုကင်းတဲ့အဖွဲ့အစည်းတွေက​ဒေါ်​အောင်ဆန်းစုကြည်အ​ခြေ​အ​နေကိုအတည်မပြုမချင်းစစ်တပ်​ပြောတာတွေကိုမယုံနိုင်​ကြောင်းကင်မ်အဲရစ် အသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်အိုးအိမ်ပျက်စီးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ လက်တွေ့ဘ၀ဟာ ရင်ကွဲစရာလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မေးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ)ကင်အဲရစ်ကပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) Kim Aris တို့ တွေ့ဆုံခဲ့ကြောင်း ယာယီသမ္မတနှင့် ကိုထိန် လင်းတို့က ယနေ့ စက်တင်ဘာ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

Facebook