Connect with us

Hi, what are you looking for?

သတင်း

ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီရေယာဥ်အုပ်စု တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသော စစ်ရေယာဥ်အုပ်စုအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ကျွန်းစုမြို့နယ်-ပကဖမှ တော်လှန်ရေးရဲဘော်များအား မြစ်ကြောင်းအတွင်း တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းစု ပကဖ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသော စစ်ရေယာဥ်အုပ်စုအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ကျွန်းစုမြို့နယ်-ပကဖတပ်ဖွဲ့ဝင်များသည် မတ်လ ၁၃ ရက် ညနေ ၇နာရီခန့်တွင် ကျွန်းစုမြို့နယ် ဝန်တောင်ကျေးရွာဘက်သို့လာစဉ် စစ်ရေယာဥ်အုပ်စုနှင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဟု ၎င်းက ပြောသည်။

စစ်ရေယာဥ်အုပ်စုတွင် မိုင်းတွေးကျေးရွာမှ ပျူစောထီးများနှင့် ရှော်တော်မော်ကျေးရွာဘက်မှတက်လာသော စစ်ကောင်စီ ရေတပ်မှ 114 စစ်သင်္ဘောအပါအဝင် သင်္ဘောနှစ်စီး၊ သား ပေါက်လှေနှစ်စီး၊ မိုင်းတွေးကျေးရွာမှ ပျူစောထီးပိုင် ဖိုင်ဘာလှေငယ်သုံးစီးနှင့်အတူ အင်အား ၆၀ခန့်ရှိသော စစ်ရေယာဉ်အုပ်စုအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ်-ပကဖမှ ပြောခွင့်ရသူတစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“သေဆုံးထိခိုက် အတည်မပြုနိုင်ဘူး။ ညဖက်လည်းဖြစ်တော့လေ သူပစ်ကိုယ်ပစ်ပါပဲ”ဟု ၎င်းက ဆက်ပြောသည်။

မိနစ်အနည်းငယ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များဖက်မှ ထိခိုက်ကျဆုံးမှုအပေါ်အတည်ပြုနိုင်ရန် စုံစမ်းလျှက်ရှိကြောင်း ကျွန်းစုမြို့နယ်-ပကဖ မှ အသိပေးသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်လည်း မတ်လ ၈ ရက်က သိန်ခွန်းကျေးရွာမှ ချောင်းနှစ်ပေါက်ရွာ ဘက်လာသည့် စစ်ကောင်စီတပ်ယာဥ်တစ်စီးနှင့် ကာကင်းယူသည့်အဖွဲ့အား မြိတ်ခရိုင် တပ်ရင်း(၂)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ လက်ဦးမှုယူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားမှာ လမ်းဘေးထိုးကျ၍ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့ကြောင်း တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။

အလားတူ ထားဝယ်ခရိုင်တွင်လည်း မတ်လ ၁၀ ရက် ည ၁၁နာရီခန့်က ထား၀ယ်မြို့မှ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဘက်သို့ စုန်ဆင်းလာသည့် စစ်ကောင်စီ​၏ စက်လှေတစ်စီးအား ထားဝယ်ခရိုင်တပ်ပေါင်းစုမှ RPG လက် နက်ကြီးအပါအဝင် လက်နက်ငယ်များဖြင့် တိုက်ခိုက်သည်။

ထို့အပြင် မတ်လ ၄ ရက် ညနေ ၄နာရီခွဲခန့်က ထား၀ယ်မြို့မှတဆင့် မြစ်ကြောင်အတိုင်း စစ်မှုထမ်းသင်တန်းသားသစ်များအား တင်ဆောင်၍ ကွန်တိန်နာသင်္ဘောဖြင့် စုန်ဆင်းလာသော စစ်ကောင်စီတပ်သားများကို လောင်းလုံး ပကဖနှင့် ထားဝယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (DDT)တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook