Connect with us

Hi, what are you looking for?

သတင်း

ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာဖက်ကို လူသားချင်း စာနာမှု လမ်းကြောင်းတစ်ခု ဖန်တီးဖို့ ကုလသမဂ္ဂ အကြီးအကဲ အကြံပြု

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ ကူညီ ဆောင်ရွက်ပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဆီ လူသားချင်း စာနာမှု လမ်းကြောင်းတစ်ခု ဖန်တီးသွားနိုင်ရေး ကုလသမဂ္ဂ အကြီးအကဲက အကြံပြု ပြောကြားသွားခဲ့ပါတယ်။

AFP

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ ကူညီ ဆောင်ရွက်ပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဆီ လူသားချင်း စာနာမှု လမ်းကြောင်းတစ်ခု ဖန်တီးသွားနိုင်ရေး ကုလသမဂ္ဂ အကြီးအကဲက အကြံပြု ပြောကြားသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆီ ၄ ရက်ကြာ ခရီးစဉ် ရောက်ရှိနေစဉ် အတောအတွင်း မတ်လ ၁၅ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား လူသားချင်း စာနာမှု လမ်းကြောင်းတစ်ခု ထားရှိရေး ကိစ္စကို ထည့်သွင်း အကြံပြုသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ တုန်းက မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်က ဆင်းရဲနုံချာတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရပါတယ်။ ရန်ပုံငွေ မလုံလောက်မှုကြောင့် လူသားချင်း စာနာမှု အထောက်အပံ့တွေကို ကုလသမဂ္ဂက ဖြတ်တောက် လျှော့ချလိုက်ရတဲ့ အချိန်မှာတော့ ရိုဟင်ဂျာတွေရဲ့ အကျပ်အတည်းဟာ ပိုမို ဆိုးရွား ကျပ်တည်းလာခဲ့ပါတယ်။

ကုလသမဂ္ဂဟာ ရိုဟင်ဂျာတွေ ဘေးကင်းကင်းနဲ့ သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက်ကို ကူညီ ဖြည့်ဆည်းပေးဖို့ အလေးထားနေဆဲ ဖြစ်တယ်လို့ ဂူတာရက်စ်က ပြောကြားခဲ့ပြီး အဲဒီအပြန်ခရီး ချောမွေ့စေရေးအတွက် မြန်မာနိုင်ငံထဲကို လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ရေး အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဒါကာမြို့က သတင်းစာ ရှင်းလင်းပွဲမှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မှန်ကန် သင့်တော်တဲ့ အခြေအနေ တစ်ခုမှာတော့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာဆီ လူသားချင်း စာနာမှု အကူအညီပေးရေး လမ်းကြောင်းတစ်ခု ဖော်ဆောင်နိုင်သင့်တယ်လို့လည်း ဂူတာရက်စ်က အကြံပြုခဲ့ပြီး အဲဒီ စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်ရာမှာတော့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်တွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်မယ်လို့ ပြောကြားသွားပါတယ်။

ရခိုင်ပြည်နယ်ဆီ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားရာ အာရက္ခ တပ်တော် (AA)ရဲ့ သဘောထားနဲ့ ခွင့်ပြုချက်အပေါ် အများကြီး မူတည်လာမှာ ဖြစ်ပြီး အဲဒီ အခြေအနေနဲ့ ပတ်သက်လို့ ဂူတာရက်စ်က AAဟာ လက်ရှိ ကြုံတွေ့ ဖြတ်သန်းနေရတဲ့ အရှိတရားအသစ် တစ်ခုဆိုတာ လက်ခံရမယ်လို့ ပြောကြားခဲ့ပါတယ်။

အတိတ်က AAနဲ့ ဆက်ဆံရာမှာ အခက်အခဲတွေ ရှိခဲ့ရိုး မှန်ပေမယ့် လက်ရှိ အခြေအနေအရ လိုအပ်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေကို လုပ်ဆောင်ဖို့တော့ ညှိနှိုင်းသင့်နေပြီလို့ ဂူတာရက်စ်က ဝန်ခံသွားပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ စားနပ်ရိက္ခာ ဖြန့်ဝေရေး အစီအမံ တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က ရန်ပုံငွေ ကျပ်တည်းမှုကြောင့် စစ်ဘေးသင့် မြန်မာနိုင်ငံထဲက စစ်ဒဏ်ခံ ပြည်သူ တစ်သန်းလောက်အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ မဖြစ်မနေ လျှော့ချရမယ်လို့ မကြာသေးခင်က ကြေညာထားပါတယ်။ အဲဒီ အပြောင်းအလဲရဲ့ ဆိုးကျိုး သက်ရောက်မှုကို ရခိုင်ပြည်နယ်ထဲက စစ်ဘေးသင့်ပြည်သူ တစ်သိန်းလောက်လည်း ခံစားရဖွယ် ရှိနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ကုလသမဂ္ဂက စစ်ဘေးသင့် ရခိုင်ပြည်နယ်ဟာ ဆိုးရွားတဲ့ အငတ်ဘေး သင့်မှုနဲ့ ကြုံတွေ့နိုင်ခြေ ရှိနေတယ်လို့ သတိပေးခဲ့ဖူးပါတယ်။

ကိုးကား: France 24

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။