Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန်မြှင့်မည်ဟု CNF ကြေညာ၊ အကျဉ်းသား ၇၀ကျော် လွတ်ငြိမ်းပေး

၂၀၂၅အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လှုပ်ရှားမှု အရှိန်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ကြေညာပြီး ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား(၇၂)ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သည်။

ချင်းအမျိုးသားတပ်မတော်၏ အပတ်စဉ် (၄၅) အခြေခံစစ်သင်တန်းဆင်းပွဲတွင် တွေ့ရသော တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ-Chinland Information Center

ကဖေး/People’s Spring

၂၀၂၅အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လှုပ်ရှားမှု အရှိန်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ကြေညာပြီး ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား(၇၂)ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သည်။

အထက်ပါကြေညာချက်ကို ချင်းအမျိုးသားတပ်ဦးဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ (မတ်လ၁၈ရက်)တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

လာမည့် မတ်လ ၂ဝရက်သည် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီး အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့သည့် (၃၇)နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား(၇၂)ဦးအားလွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်းလည်း ကြေညာသည်။

ချင်းအမျိုးသားတပ်ဦးသည် ၂၀၂၅အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံရေးတမန်ရေး လှုပ်ရှားမှု အရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ဟု အသိပေးထားသည်။

“CNFအနေနဲ့ ပြောရင်ပြောသလိုလုပ်ဖို့တော့လိုတယ်။ ချင်းပြည်နယ်မှာ သူတို့စစ်ကောင်စီတော်လှန်ရေးကို ဒီထက်အရှိန်မြှင့်ဖို့လိုလားတယ်။ ချင်းညီနောင်ကတော့ တိုက်နေတာတွေ့တယ်။ CNFက နည်းနည်းနှေးနေတယ်”ဟု ရန်ကုန်မြို့မှ ချင်းတိုင်းရင်းသားတစ်ဦးကပြောသည်။

CNFသည် ယခု ၂၀၂၅ နှစ်လတာအတွင်း စစ်ကောင်စီ၏ စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးရန်သူ့အင်အား ၃၀ခန့်ကို ရှင်းလင်းနိုင်ကာ စစ်သုံ့ပန်း၂၀ဦး ဖမ်းဆီးထားသည်။

ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေးနှင့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာသက် ရောက်မှုမှန်သမျှအဆုံးသတ်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်တွဲပြီး အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် ပြည်သူများဆုံးရှုံးခဲ့သော လူမှုဘဝ ပြန်လည် ထူ ထောင်ရေးအတွက် နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများ၊ စေတနာရှင်များမှ ပံ့ပိုးကူညီကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းတစ်ခုကို သိမ်းရခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က သတင်းထုတ်ပြန်ပါတယ်။