မတ်-၁၉၊၂၀၂၅။နေ့သစ်/People’s Spring
ရန်ကုန်- မန္တလေးအမြန်လမ်းမှာ မန္တလေးဘက်က နေ မိတ္ထီလာဘက်ကို စစ်ကောင်စီရဲတွေမောင်းနှင်းလာတဲ့ ရဲကား ၁စီး နဲ့ အိမ်စီးကား ၂ စီ စုစုပေါင်း ၃စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲ၅ဦးထပ်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ မြင်းခြံခရိုင်တပ်ရင်း၄-၁၀ တာဝန်ရှိသူကပြောပါတယ်။
မတ်လ၁၉ရက်နေ့၊ မနက်၁၁နာရီခန့်က မန္တလေးဘက်က နေ မောင်းနှင်လာတဲ့ရဲကား တွေကို မိုင်တိုင် ၃၁၉မှာ မြင်းခြံခရိုင်တပ်ရင်း(၄)၊ ခရိုင်တပ်ရင်း(၁၀) နဲ့ မဟာမိတ်ဖြစ်တဲ့ မြစ်သားမြို့နယ်ပကဖတို့က ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရဲကား တွေကို အနီးကပ် လက်နက်ငယ် တွေနဲ့ဝင် ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲကားတစီးဟာ အရှိန်လွန်ပြီး နောက်တမိုင်တိုင်အ ကျော်က လုံခြုံရေးကင်းစခန်းအထိ ရောက်သွားခဲ့တယ်လို့တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ရဲကား တွေနဲ့လုံခြုံရေး ကင်းကလည်း ပြန်လည်တိုက်ခိုက်ခဲ့တာမို့ တိုက်ပွဲဖြစ်ချိန် မိနစ်၄၀အထိကြာခဲ့တယ်လို့သိရပါတယ်။
“မျက်မြင်ပြည်သူရဲ့ သတင်း ပေးချက်အရ လမ်းပေါ်လဲ နေတဲ့အ လောင်းငါး လောင်းနဲ့ ကား ပေါ်မှာလည်းထိခိုက်ဒဏ်ရာ ရတဲ့သူအများကြီးရှိတယ်လို့သိရတယ်။သေတာကအကုန်ရဲတွေချည်းပါပဲ”လို့တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
နွားထိုးကြီးPDF(မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း)ရဲ့ ပြောရေးဆိုခွင့်ရှိသူက”မိုင်တိုင် ၃၁၉ မှာရဲကားတစီးနဲ့ အိမ်စီးကား ၂ စီး မောင်းတက်လာတယ်။ မန္တလေးဘက်ကနေ မိတ္ထီလာဘက်ကို မောင်းလာတဲ့ စကစ ကား ၃ စီးကို ပစ်တာပါ။ ငါးယောက်ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်းများတယ်လို့ မျက်မြင်ပြည်သူတွေဆီကနေ သိရတယ်။”လို့ ပြောပါတယ်။
တိုက်ပွဲမှာတော်လှန် ရေးတပ် တွေဘက်ကအကျဆုံးမရှိခဲ့ဘူးလို့သိရပါတယ်။တိုက်ပွဲအပြီး PDF တွေ ပြန်သွားကြပြီးချိန်မှာ စစ်ကောင်စီတပ်ယာဉ်တန်းရောက်လာပြီးတော့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ် လို့သိရပါတယ် ။
တိုက်ပွဲဖြစ်ပွားစဥ် အမြန်လမ်းမပေါ်မှာတစ်နာရီခန့်ကြာ ကားတွေသွားလာမှုရပ်နားထားခဲ့ကြတယ်လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
တိုက်ပွဲရုပ်သံမှတ်တမ်းတိုကို နွားထိုးကြီး PDF က မတ် ၁၉ ရက်ညပိုင်းမှာထုတ်ပြန်ခဲ့သည်။ရုပ်သံမှတ်တမ်းတို့ကို People’s Spring တယ်လီဂရန်ချန်နယ်လ် https://t.me/PeopleSpring/72474 တွင်လည်းကြည့်ရှုနိုင်ပါသည်။
၂၀၂၄ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ပြင်စည်ရဲကင်းစခန်းကိုPDFတွေက တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါအပြင် ၂၀၂၄ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ PDF တွေ မြန်လမ်းပေါ်သို့တက်လာခဲ့ပြီး ခရီးသည်တင်ယာဉ်တွေ၊ ခရီးသွားကားတွေကိုလုံခြုံရေး စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးတော့ ခရီးသွား ပြည်သူတွေနဲ့တွေ့ဆုံစကားပြောခဲ့ပါတယ်။
PDF တပ်ရင်းတွေက တာဝန်ရှိသူတွေက ခရီးသွားပြည်သူတွေကိုတွေ့ဆုံစဥ်မှာရန်ကုန်-မန္တလေး အမြန်လမ်းဟာ စစ်ကောင်စီရဲ့ အဓိကထောက်ပို့လမ်း ကြောင်းဖြစ်တာမို့ အချိန်မရွေးတိုက်ပွဲ တွေပြင်းထန်လာဖို့ရှိနေတာကြောင့် ၊ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ အပျော်ခရီးသွားလာတာနဲ့ ဘုရားဖူးသွားလာ တာတွေ ရှောင်ကျဉ်ကြဖို့ ၊မဖြစ်မနေ ခရီးသွားရင် အမြန်လမ်းမှာကားမှန်တွေချမောင်းကြဖို့ ၊လမ်းကို ညပိုင်းအသုံးမပြုကြဖို့ ၊ တိုက်ပွဲတွေဖြစ်လာရင် ရောက်ရာနေရာ၌ရပ်ပြီး လုံခြုံ တဲ့ နီးစပ်ရာနေရာတွေမှာ နေထိုင်ဖို့ ပြောခဲ့ပါတယ် ။
