Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်တပ်ရင်းတွေရဲ့အခြေခံစစ်ပညာနဲ့ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

လက်နက်နဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာ ဦးထုပ်တွေကိုပါတပ်ဆင်

ဓာတ်ပုံံ- နွားထိုးကြီးPDF

စက်တင်ဘာ-၅၊၂၀၂၆။​ဟာနာဆန်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁)စစ်ဒေသ လက်အောက်က မြင်းခြံခရိုင် တပ်ရင်းတွေဖြစ်တဲ့ အမှတ် (၄) တပ်ရင်းနဲ့ အမှတ် (၁၀) တပ်ရင်းတို့ရဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၇)နဲ့ မွမ်းမံသင်တန်းဆင်းပွဲကိုစက်တင်ဘာ ၅ ရက်မှာကျင်းပခဲ့ပါတယ်။

​ဒီသင်တန်းမှာရဲဘော်သစ်တွေကို သုံးလနီးပါးကြာအောင် အခြေခံစစ်ပညာနဲ့ တိုက်ခိုက်ရေးပညာတွေ သင်ကြားပေးခဲ့သလို၊ မွမ်းမံသင်တန်းဆင်းရဲဘော်တွေကိုလည်းတစ်လခန့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုနဲ့ တိုက်ခိုက်ရေးစစ်ပညာရပ်တွေပြန်လည်မွမ်းမံသင်ကြားပေး

ခဲ့ပြီး လက်နက်နဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာ ဦးထုပ်တွေကိုပါ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(အမှတ်၄-၁၀)တပ်ရင်းက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရဲဘော်တွေဟာမြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဖြစ်ပြီးဆက်လက်တာဝန်ထမ်းဆောင်နေကြကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ တော်လှန်ရေးစိတ်ဓာတ်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။

အဆိုပါတပ်ရင်း​တွေဟာ မန္တ​လေးတိုင်းအတွင်းစစ်တပ်နဲ့ မကြာခဏတိုက်ပွဲဝင်​နေတဲ့စစ်​ကြောင်း​တွေဖြစ်ပါတယ် ။စစ်တပ်ကလည်းစစ်​ကြောင်းထိုးသလို စစ်တပ်စစ်​ကြောင်း​တွေကိုအကြိမ်ကြိမ်တိုက်ခိုက်တဲ့တပ်ရင်း​တွေလည်းဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ရန်ကုန်- မန္တလေးအမြန်လမ်းမှာ မန္တလေးဘက်က နေ မိတ္ထီလာဘက်ကို စစ်​ကောင်စီရဲ​တွေ​မောင်းနှင်းလာတဲ့ ရဲကား ၁စီး နဲ့ အိမ်စီးကား ၂ စီ စုစု​ပေါင်း ၃စီးကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲ၅ဦးထပ်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ မြင်းခြံခရိုင်တပ်ရင်း၄-၁၀ တာဝန်ရှိသူက​ပြောပါတယ်။