Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအရှေ့ခြမ်းက ကျေးရွာအချို့ ဗုံးကြဲခံရ

မန္တလေးတိုင်း မတ္တရာမြို့ရဲ့အရှေ့ခြမ်းက ကျေးရွာအချို့ ကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ် နဲ့ မနေ့ (မတ်လ ၁၉ ရက်) မနက်ပိုင်း က ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ ဝင် ထံကသိရပါတယ်။

၂၀၁၈ ခုနှစ် ဆင်ဖြူရှင်စစ်ရေးလေ့ကျင့်မှုမှာ စစ်ကောင်စီလေတပ် တိုက်လေယာဉ်အချို့ကိုတွေ့ရပုံ။ ဓာတ်ပုံ - CINCDS

မတ် – ၂၀ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း မတ္တရာမြို့ရဲ့အရှေ့ခြမ်းက ကျေးရွာအချို့ ကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ် နဲ့ မနေ့ (မတ်လ ၁၉ ရက်) မနက်ပိုင်း က ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ ဝင် ထံကသိရပါတယ်။

မနေ့ မနက်ပိုင်း ၁၀ နာရီ ၃၅ မိနစ်ခန့်က မတ္တရာအရှေ့ခြမ်းမှာရှိတဲ့ ကျောက်တံတား ၊ ဘိုကုန်း ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာပါ။

” တော်လှန်အဖွဲ့တွေဘက်က ထိခိုက်တာမရှိဘူး ၊ ငါး မိနစ်ခြားတစ်ခါ လေးကြိမ်ကြဲသွားတာ “လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါ တယ်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဟာ မန္တလေး PDF အပါအဝင် တော်လှန်ရေးအင်အားစုတွေ သိမ်းယူထိန်းချုပ်ထားတဲ့ မတ္တရာအရှေ့ခြမ်းကို ပြန်လည်ရယူဖို့ အင်အားသုံးပြီး ထိုးစစ်ဆင်နေတာပါ။

လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ကလည်း စစ်ကြောင်းထိုးလာတဲ့အတွက် မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ တော်လှန်ရေးအင်အားစုတွေ နဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့သိပါတယ်။

လက်ကောင်းကြီး၊ စံပယ်ဖြူ၊ မြို့စိုးကုန်း၊ ကျောက်မြောင်း၊ ဘိုကုန်း၊ ကျောက်တံတားစတဲ့ ကျေးရွာဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

တိုက်ပွဲတွေကြောင့် မတ္တရာအရှေ့ခြမ်းရှိ ကျေးရွာပေါင်း ၄၀ ခန့်က ဒေသခံခြောက်သောင်းကျော်ဟာ လွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လေကြောင်းတိုက်ခိုက်မှု အပြင် မတ္တရာမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကဆိုရင် ဘိုကုန်းရွာထဲ လက်နက်ကြီး ကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။

မတ္တရာမြို့နယ်ထဲကို ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက စတင်တဲ့ ရှမ်း – မန်းစစ်ဆင်ရေးအတွင်း မန္တလေး PDF က ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ရာမှာ လေ​ကြောင်းရန်ကာကွယ်​ရေးတပ် ၊ ဆည်​တော်ကြီး ရဲစခန်း ၊ Alpha ဘိလပ်​မြေစက်ရုံ တပ်စခန်း အပါအဝင် ဒါဇင်နဲ့ချီတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို သိမ်းယူနိုင်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတိုက်​လေယာဥ်က စစ်သား​များကို မှားယွင်းဗုံးကြဲမိပြီးစက်သေနတ်ဖြင့်ပါပစ်ခတ်ဟု​ဒေသခံများ​ပြော

သတင်း

သပိတ်ကျင်းမြို့နယ် ကျေးရွာနှစ်ရွာကိုလည်း စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သားငါးဦးထက်မနည်း သေဆုံးကြောင်း ဒေသခံနှင့် တာဝန်ရှိသူများက လူထုနွေဦးသို့ပြောသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ လေးနှစ်အရွယ်ကလေး အပါအဝင် စစ်ဘေးရှောင် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။