Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမှာပြည်သူတွေ​ရေ​ဘေးသင့်ချိန် စစ်တပ်ပစ်ခတ်ဗုံးကြဲ​​လို့ ပြည်သူ ၁ဦး ဒဏ်ရာရ

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ် ပစ်ခတ်မှုကြောင့် တောင်ရင်းရွာက ဒဏ်ရာရနေတဲ့ ပြည်သူ ၁ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ − Wetlet information Network)

ဩဂုတ် ၁၃၊၂၀၂၆၊ကတ်သရင်း/ People’s Spring

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တ​လေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်း၊ သဖန်း‌ဒေါင့်ရွာကနေ အနောက်ဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ သြဂုတ် ၁၃ ရက် တစ်ရက်လုံး နီးပါးပစ်ခတ်နေပါတယ် ။ အဲဒီထဲကလက်နက်ကြီး ၄လုံးဟာ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာကိုကျရောက်ပြီးအသက် (၈၄)နှစ်အရွယ် ဦးစိန်မြိုင်ရဲ့‌ ခြေထောက်မှာ ကျည်စထိမှန်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။

မတ္တရာမြို့နယ် နဲ့ စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ ဝက်လက်မြို့နယ်၊စဉ့်ကူးမြို့နယ်တို့မှာဆည်ကရေလွှတ်တာ၊ဧရာဝတီမြစ် ရေတက်လာတာတွေကြောင့် ကျေးရွာတွေအတွင်း ရေဝင်ပြီး ဒေသခံတွေ ရေဘေး ဒုက္ခရောက်နေချိန်မှာပဲ စစ်တပ်က မတ္တရာမြို့ကို အင်အားတွေတိုးကာ ဒရုန်းနဲ့ဗုံးကြဲတာ၊ဟောင်ဝစ်ဆာတွေပစ်တာ၊လက်နက်ကြီး ပစ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စဉ့်ကူးမြို့နယ်၊ရွှေဂုံတိုင်ရွာနဲ့ ထုံးကြီးရွာက စစ်တပ်ကလည်းရေဝင်နေတဲ့ရွာတွေကို ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့လည်းဆက်တိုက်ကိုဒရုန်းတွေဝဲနေတာ။အရင်နေ့ကလည်း ရေဘေး၊စစ်ဘေးရှောင်တွေရှိတဲ့ ရွှေဘယက်ရွာကို ချတာ ၃လုံး။လူတွေဝေးတင် ကံကောင်းလို့ မသေကြတာ။လက်နက်ကြီးကလည်းနေ့တိုင်းပစ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဩဂုတ် ၁၁ရက်ကလည်း ရေဘေးသင့်နေတဲ့ ခင်ဦးမြို့နယ်ကိုစစ်တပ်ကဗုံးကြဲတာ​ကြောင့်အမျိုးသမီး ၁ဦးဒဏ်ရာရခဲ့ပြီး အိမ်​မွေးတိရိစ္ဆာန်အကောင်၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အရပ်သား​တွေကိုပစ်မှတ်ထားတိုက်ခိုက်မှု​ကြောင့်လက်တုန့်ပြန်မယ်လို့ကောလင်းခရိုင်တပ်ရင်း(၁)ကထုတ်ပြန်

Facebook