Connect with us

Hi, what are you looking for?

သတင်း

ပြည်မှာ ပြည်သူ့ပါတီက အမတ်လောင်း အိမ်ပေါ်တက် ပေါ်တာဆွဲခံရ

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်ပေါ်တက် ပေါ်တာဆွဲခံလိုက်ရပါတယ်။

(ဖမ်းဆီးခံရသည့် ပြည်သူ့ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကတ်ပြား။ဓါတ်ပုံ-ပါတီဝင်၏ FB)

မေ-၂၀၊၂၀၂၆။ဟာနာဆန်၊တာရာ/People’s Spring

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်ပေါ်တက် ပေါ်တာဆွဲခံလိုက်ရပါတယ်။

မေလ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ပဲခူးတိုင်း၊ ပြည်မြို့မှာနေထိုင်တဲ့ ပြည်သူ့ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇေယျာ​ဇော်ဟာ နေအိမ်မှာအိပ်နေချိန် စစ်တပ်က အတင်းဝင်ရောက် ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း ပြည်သူ့ပါတီရဲ့ ပြည်မြို့နယ် ပါတီဝင်တစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

ဦး​ဇေယျာဇော်ကို ပြည်မြို့ရှိတပ်မ(၆၆)လက်အောက်ခံ အမှတ် (၉၅၉) တပ်ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ၎င်းကဆိုပါတယ်။အခုလိုလုပ်ရပ်ဟာ စစ်မူထမ်းနည်းဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ရေးသားထားပါတယ်။ဦး​ဇေယျာဇော်ဟာ စစ်တပ်စီစဥ်တဲ့ ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီ ​ရွေး​ကောက်ပွဲမှာ ပြည်သူ့ပါတီကိုယ်စားပြုယှဥ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်းတစ်ဦးကလည်း “အဲဒီသတင်းကဟုတ်ပါတယ်။ အမှန်ကမဖြစ်သင့်ဘူး။ ဒီဖြစ်စဥ်ကို ကျွန်တော်တစ်ဦးတည်းရဲ့အမြင်ပြောရရင် ကန့်ကွက်တယ်။ အခုသူ့မိသားစုကိုချိတ်ဆက်နေတယ်။ လုပ်ပေးလို့ရတဲ့အနေအထားထိ လိုက်လုပ်ပေးမယ်။ ဒါကလည်းကျွန်တော်က ပါတီဝင်အချင်းချင်းကူညီတာပါ”လို့ ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပြည်သူ့ပါတီက အခုသတင်း​ရေးသားချိန် ​မေ ၂၀ ည ၈ နာရီ ၁၅ မိနစ်အထိ့ထုတ်ပြန်ထားတာ မရှိသေးပါဘူး ။

ပြည်သူ့ပါတီဟာ ဦးကိုကိုကြီးရဲ့ ပါတီဖြစ်ပြီး သူက စစ်​အုပ်စုရဲ့ အတိုင်ပင်ခံ​ကောင်စီဝင်ဖြစ်ပါတယ် ။

အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်း အပတ်စဥ် (၂၅)ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။