Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာမြို့နယ်ရှိ မိုးကာချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားသူ ရှစ်ဦး စစ်မှုထမ်းစာရင်းထည့်သွင်းမည်ဟု ခြိမ်းခြောက်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် မိုးကာချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားသူ လုပ်သားရှစ်ဦး ဖမ်းဆီးခံရပြီး စစ်မှုထမ်းစာရင်းထည့်သွင်းမည်ဟု ခြိမ်းခြောက်ခံရကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)က ပြောသည်။

မြန်မာရှိုင်းလုံ မိုးကာချုပ်စက်ရုံအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၅၊၂၀၂၅။ရဲခေါင်/People’s Spring

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် မိုးကာချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားသူ လုပ်သားရှစ်ဦး ဖမ်းဆီးခံရပြီး စစ်မှုထမ်းစာရင်းထည့်သွင်းမည်ဟု ခြိမ်းခြောက်ခံရကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)က ပြောသည်။

အခင်းဖြစ်ပွားသည့် စက်ရုံသည် ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှုဇုန် ၊ အမှတ်(၂၃)၊ ဗိုလ်တိုက်ချွန်းလမ်းနှင့် စက်မှုဒေသလမ်းထောင့်၊ ခြံအမှတ် (၁၂၅-B) ရှိ မြန်မာရှိုင်းလုံ မိုးကာချုပ်စက်ရုံဖြစ်သည်။

မိုးကာစက်ရုံမှ ချိုးဖောက်မှုတိုင်ကြားသည့်အလုပ်သမားများကို မတ်လ ၂၄ရက် ည ၁၀နာရီခွဲခန့်တွင် ဝါးတရာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လှော်ကားစခန်းမှ ရဲများနှင့်မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များလာရောက်ဖမ်းဆီးခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသည့် အလုပ်သမားများအား ခိုးမှုတွင်ပါဝင်သည်ဟူသောစွပ်စွဲချက်ဖြင့် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ခဲ့ခြင်းဟု သိရသည်။

“အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို သက်ဆိုင်ရာမြို့နယ်ရုံးမှာ တိုင်ကြားဖြေရှင်းနေတဲ့အချိန် အလုပ်သမားပြဿနာကို သက်ဆိုင်တဲ့ဥပဒေနဲ့ မဖြေရှင်းဘဲလုပ်ငန်းရှင်မှ မလျော်ဩဇာသုံးခဲ့တာ”ဟု STUM တာဝန်ရှိသူက ဖြစ်စဥ်နှင့်ဆက်စပ်၍ ပြောသည်။

ထို့နောက် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ဖမ်းဆီးခြင်းခံရသည့် အလုပ်သမား(၈)ဦးကို စက်ရုံတွင်းပြသနာများအား ပြင်ပအဖွဲ့အစည်းကို မတိုင်ကြားရန်နှင့် မလိုက်နာပါက ယခုအပတ်စဉ်၌ စစ်မှုထမ်းခေါ်မည့်စာရင်းတွင် ယခုအလုပ်သမား (၈) ဦးအား ထည့်သွင်းရန် ဝါးတရာ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ခဲ့​သည်ဟု ဆိုသည်။

“အလုပ်သမား ၈ ဦးကတော့ စက်ရုံမဆင်းဘဲ ကိုယ့်ဇာတိကိုယ်ပြန်ကြပြီလို့သိရတယ်”ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။

အလုပ်သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ EC စာချုပ် ချုပ်ဆိုပေးရန် ဖူလုံရေးငွေထည့်၀င်ကြေးများကောက်ခံရန်၊ အလုပ်ပိတ်ရက်များတွင် အလုပ်လုပ်ရသည်ကို အချိန်ပိုကြေး(OT)ပေးရန် အလုပ်သမားများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာရှိုင်းလုံ မိုးကာချုပ်စက်ရုံတွင် အချိန်ပိုကြေး(OT)နှင့် ပိတ်ရက်အလုပ်မဆင်းပါက အကြောင်းမဲ့ ရာထူးလျှော့ချခြင်းနှင့် တရုတ်စကားပြန်တစ်ဦးထဲမှ မန်နေဂျာ၊စကားပြန်၊ငွေစာရင်းနှင့်အုပ်ချုပ်သူ အဖြစ်ဆောင် ရွက်နေခြင်းသည် အလုပ်သမားဥပဒေကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်နေခြင်းဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဆိုင်ရှင်နဲ့ မြန်မာ ဝန်ထမ်းကြား လုပ်ခလစာကိစ္စ အငြင်းပွားမှုမှာ ဂျပန်တရားရုံး တစ်ခုက ဝန်ထမ်း အမျိုးသမီးဖက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်တယ်လို့ ခံစားမိရင် မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။