Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့် နှိမ်နင်းရေးနဲ့ ဆက်စပ်ပြီး ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ဖိနှိပ်နေတဲ့ အစီအမံတွေက မြန်မာနဲ့ ကုန်သွယ်မှုမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ဖိနှိပ်နေတဲ့ အစီအမံတွေက မြန်မာနဲ့ ကုန်သွယ်မှုမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

ပြည်ပကုန်သွယ်ရေး ဌာနက ဖေဖော်ဝါရီလမှာ မြန်မာနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ကိန်းဂဏန်းတွေက အကျဖက်ကို ဦးတည်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ စီးပွားရေး ဝန်ကြီးဌာနက လက်အောက်မှာရှိတဲ့ ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အာရာဒါ ဖန်သောင်က ဖေဖော်ဝါရီလရဲ့ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှု တန်ဖိုးဟာ ၁၇.၄၇ ဘီလီယံဘတ် ရှိခဲ့ပြီး ဇန်နဝါရီလကနဲ့ ယှဉ်ရင် ၃.၂၅ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ပြောပါတယ်။

အဲဒီလို အနုတ်လက္ခဏာဖက် ဦးတည်တဲ့ အဓိက အကြောင်းရင်း တစ်ခုကတော့ နယ်စပ်မှာ အခြေစိုက်တဲ့ ကျားဖြန့် ဂိုဏ်းတွေကို ဖြိုခွင်းဖို့ တင်းကျပ်တဲ့ အစီအမံတွေ ပြဋ္ဌာန်းပြီး ကိုင်တွယ်နေတာ ဖြစ်တယ်လို့ အာရာဒါက ဆိုပါတယ်။

ဖေဖော်ဝါရီလအတွင်း မြန်မာဖက်ကို ကုန်စည်တွေ တင်ပို့မှုဟာ ဘတ် ၁၀.၀၂၇ ဘီလီယံဖိုးရှိပြီး ၀.၆ ရာခိုင်နှုန်း ကျရိပ်ပြခဲ့သလို မြန်မာဖက်ကနေ ကုန်စည် တင်သွင်းမှုတွေ တန်ဖိုးဟာ ဘတ် ၇.၄၄၃ ဘီလီယံ ရှိခဲ့ပြီး ၆.၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် ကျားဖြန့်ဂိုဏ်းတွေကို ထိုးနှက်ဖို့ ရည်ရွယ်ပြီး မြန်မာဖက်ခြမ်း နယ်စပ်ဒေသတွေဆီ ဓာတ်အားနဲ့ စွမ်းအင် ထောက်ပံ့မှုတွေ ဖြတ်တောက်ခဲ့တာကြောင့် ဒီဇယ်၊ ဓာတ်ဆီနဲ့ ဆက်စပ် လောင်စာ ပစ္စည်းတွေ မြန်မာဖက် တင်ပို့မှုမှာ သိသိသာသာ ထိခိုက်သက်ရောက်မှု ရှိခဲ့တယ်လို့ အာရာဒါက ပြောပါတယ်။

ဖေဖော်ဝါရီလမှာ အဲဒီ စွမ်းအင်ဆိုင်ရာ ကုန်စည်တွေ မြန်မာဖက် တင်ပို့မှု တန်ဖိုးဟာ ဘတ် သန်း ၅၁၀ သာ ရှိခဲ့ပြီး ဇန်နဝါရီနဲ့ယှဉ်ရင် ၆၁ ရာခိုင်နှုန်း ထိုးကျသွားခြင်းလို့ သိရပါတယ်။ ဆန့်ကျင်ဖက် အခြေအနေအဖြစ် မြန်မာဖက်ကနေ တင်သွင်းလာတဲ့ စွမ်းအင်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကတော့ ဖေဖော်ဝါရီ လထဲမှာ တန်ဖိုးအားဖြင့် ၇.၁ ရာခိုင်နှုန်း တက်ရိပ်ပြခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။