Connect with us

Hi, what are you looking for?

သတင်း

ကာကွယ်ရေးဝန်ကြီးနှင့် အခြားဝန်ကြီးများ မြေပြင်၌ လူထုနှင့်တသားတည်းရှိနေဟု ယာယီသမ္မတပြော

စစ်ကောင်စီ အရှိုက်ထိစေမည့် စစ်ရေးကဏ္ဍအားကောင်းရေး ပူးပေါင်းအားဖြည့်ပေးရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းပွဲတိုက်ပွဲပါဝင်ခဲ့သည့် အောင်ပွဲရရဲဘော်များနှင့် ဒေသခံအချို့အား NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၂၀၂၄အောက်တိုဘာ ၁၀ရက်က သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - MOD

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် အခြား ဝန်ကြီးများ မြေပြင်၌ လူထုနှင့်တသားတည်း ရှိနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

မတ်လ ၂၅ရက်က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

” အခုဆိုရင် ကာကွယ်ရေးဝန်ကြီးနဲ့ အခြားဝန်ကြီးတွေဟာ မြေပြင်မှာ လူထုနဲ့ တစ်သားတည်း ဦးဆောင်နေတာဖြစ်ပါတယ်။ အဲသည့်လို တွေ့မြင်ရလို့လည်း ကျွန်တော့်အနေနဲ့ လေးစား ဂုဏ်ယူမိပါတယ်။ ဒီလို ကျနော်တို့ အင်အားတွေ မြေပြင်မှာ ပိုမိုအခြေပြု လာနိုင်တာကို ပြည်သူလူထုက တွေ့မြင်နေရင် ပိုမိုအားတက်လာကြမှာ အမှန်ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ကလေးခရိုင် အမှတ်(၄)တပ်ရင်း တပ်မှူးတစ်ဦးဖြစ်သည့် ကိုမုန်ပီးကလည်း မတ်လ ၂၂ရက်က ကျင်းပသည့် ကဘော်ညီနောင်ကမ်ပိန်းတွင် PDF၏ အခန်းကဏ္ဍကို ပြောကြားခဲ့ရာ ၎င်းတို့ အနေဖြင့် ကာကွယ်ရေးဝန်ကြီး မြေပြင်၌ ရှိနေခြင်း တခုတည်း၌ အထက်ကို ယုံကြည်ကာ ရှေ့ဆက်နေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် အရှိန်ဖြင့် သွားနေပြီး ရှေ့၌ ပိုမိုအားကောင်းမောင်းသန်ဖြင့် ချီတက်နိုင်ရေး အားစိုက်နေကြောင်း အသိပေးသည်။

ထို့ပြင် PDFနှင့် ကျန်တိုင်းရင်းသားတပ်ဖွဲ့များ၏ စစ်ရေးအရှိန်သည် ရပ်တန့်စရာမရှိဘဲ တရွေ့ရွေ့ ရွေ့နေသည်ဟု ကိုမုန်ပီးက ပြောသည်။

ယာယီသမ္မတကလည်း စုဖွဲ့မှုအားကောင်းလာလေလေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက NUGအပေါ် အားတက်ယုံကြည်မှု ပိုတိုးလာမည်ဖြစ်ကြောင်း ပြောသည်။

“လက်ရှိ အခြေအနေမှာဆိုရင် မြေပြင်မှာ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှားနိုင်မှု တွေဟာ သုံးလေးငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာလည်း ရန်သူက တိုးမပေါက်နိုင် လောက်အောင် ခုခံကာကွယ်နိုင်တဲ့အထိ အခြေအနေတွေ ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာ မြေပြင်ပေါ် လက်တွေ့ အင်အားတွေ တည်ဆောက်နိုင်ခြင်းဟာ အဓိက အခရာဆိုတာ မေ့ထားလို့ မရပါဘူး” ဟု ယာယီသမ္မတက ပြောကြားသည်။

ထို့ပြင် နှစ်ပေါင်း (၇၀)ကျော်ကြာ အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ချေမှုန်းသုတ်သင်နိုင် ရေးဆိုသည်မှာလည်း တော်ရုံ ဇွဲသတ္တိနှင့် မရသကဲ့သို့ တော်ရုံအားထုတ်မှုမျိုးဖြင့်လည်း မရနိုင်ဟု သတိပေးသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မိန့်ခွန်းပြောကြားခဲ့ရာ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်ဖြိုလှဲချနိုင်ရေး အရှိုက်ထိစေမည့် စစ်ရေးကဏ္ဍ အားကောင်းစေ‌ရန် အားလုံးပူးပေါင်းအားပေးပေးကြရန် တိုက်တွန်းခဲ့သည်။

” ဒီလတွေမှာ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ ဘုန်းကြီး ကျောင်းတွေ၊ ဆေးရုံတွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို များပြားလာပြီး အပြစ်မဲ့ကလေး ငယ်တွေအပါအဝင် သံဃာတော်တွေ၊ ပြည်သူတွေ သေကြေပျက်စီးကြတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ကြားနေရတာ အလွန်ပဲ စိတ်ထိခိုက်ရပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ရန်သူသည် ရန်သူပီပီသသ လုပ်နေ၍ တော်လှန်ရေးအင်အားစုများ စုစည်းပြီး တက်ညီလက်ညီဖြင့် လက်ရှိအခြေအနေများကို ကျော်လွှားနိုင်ရေးလုပ်ဆောင်ရန် အရေးကြီးလိုအပ်နေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးကို ကြားဖြတ် မေးခွန်းတွေ မေးဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးဟာ ဖက်ဒရယ် အေးဂျင့်တွေက အင်အားသုံးပြီး ဆွဲထုတ်တာ၊ လက်ထိတ်ခတ် ဖမ်းဆီးတာတွေ ခံခဲ့ရပါတယ်။

သတင်း

တရုတ်အစိုးရက မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားဝင်ဖျန်ဖြေမှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ပြောကြားခဲ့ပြီး တရုတ်အစိုးရ၏ NUG အပေါ် ထင်ကြေးအမျိုးမျိုး ချဉ်းကပ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း အစိုးရ အဖွဲ့ဝင်များကို မှာကြားခဲ့သည်။

ဆောင်းပါး

စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ ရဲဘော်တွေ ပြောဆိုလေ့ရှိတဲ့ ဗန်းစကားတစ်ခုရှိပါတယ်။ ‘ပွဲကတယ်’ဆိုတဲ့ စကားပါ။

သတင်း

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ထားရှိသည့် သဘောထားကို နိုင်ငံအတာအနေဖြင့် ဆန်းစစ်သုံးသပ်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။