Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဇာတိ ရေကြည်မှ စစ်ကောင်စီထောက်တိုင်များစာရင်း ပကဖစုဆောင်း

စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်း၏ ဇာတိ ရေကြည်မြို့နယ်မှ စစ်ကောင်စီထောက်တိုင်များ၏ စာရင်းပြုစုထားပြီးဖြစ်ကြောင်း ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

မတ်၂၇၊ ၂၀၂၅။ဧရာ/People’s Spring

စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်း၏ ဇာတိ ရေကြည်မြို့နယ်မှ စစ်ကောင်စီထောက်တိုင်များ၏ စာရင်းပြုစုထားပြီးဖြစ်ကြောင်း ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ယုတ်မာခဲ့သည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်၊ စီးပွားရေးထောက်တိုင်နှင့် စည်းရုံးရေးထောက်တိုင်များအား အဓိကစာရင်းပြုစုထားသည်ဟု ဆိုသည်။

” မြို့က ဧရာဝတီဝန်ကြီးချုပ်ရဲ့ဇာတိလည်းဖြစ်တယ်။ ခရိုနီဦးဇော်ဇော်ရဲ့ဇာတိလည်းဖြစ်တော့ မကင်းရာမကင်းကြောင်းတွေများတယ်။ ဒါကပဲ လူထုကို ပိုဒုက္ခပေးနေတာ။ ပကဖအနေနဲ့က စာရင်းပြုစုထားပြီးလိုအပ်တဲ့သတိပေးချက်တွေ ထုတ်ဖို့လိုမယ်ဗျ”ဟု ရေကြည်မြို့ခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အရေအတွက်နှင့် အသေးစိတ်အချက်အလက်ကို ဖော်ပြမထားသော်လည်း စာရင်းပြုစုရာတွင် ပုဂ္ဂိုလ်ရေးခံစားချက်ကြောင့် စာရင်းပေးခြင်းမဖြစ်စေရန်နှင့် ကာယကံရှင်များနစ်နာမှုမဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့်အတည်ပြုခဲ့သည်ဟု ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

” ပြည်သူလူထု၏ ပူးပေါင်းကူညီမှုဖြင့် စာရင်းအတိအကျ ကောက်ယူပြုစုထားခြင်း ဖြစ်သည်” ဟု ထုတ်ပြန်ထားသည်။

ရေကြည်မြို့နယ်အတွင်း မတ်လ ၁၆ရက်ကစတင်၍ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိနေသည်။

ယင်းကာလမတိုင်မီ တိုက်ပွဲအနည်းငယ်ငြိမ်သက်နေစဉ် ဦးတင်မောင်ဝင်းနှင့် အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ် ဦးဆောင်သည့်အဖွဲ့က ရေကြည်မြို့သို့ မကြာခဏလာရောက်ပြီး မြို့ခံလူငယ်များ စစ်မှုထမ်းရေး စည်းရုံးသိမ်းသွင်းခဲ့သေးသည်။

အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ရေကြည်မြို့၊ အမြောက်တပ်-အမတ(၃၄၄) တိုက်ခိုက်သည့် စစ်ဆင်ရေးများ ဖော်ဆောင် နေသည်။ စစ်ကောင်စီတပ်က ဂွမြို့နှင့် ငါးသိုင်းချောင်းမြို့ကြား၊ ရေကြည်မြို့နယ်ပိုင် သီတာကုန်းပြင်အုပ်စု၌ အမြောက်လက်နက်ကြီးများ တပ်ဆင်ထားပြီး ပစ်ခတ်နေသည်။

ရေကြည်အပြင် ‌ဒေသချင်းဆက်စပ်နေသော သာပေါင်းနှင့်လေးမျက်နှာမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။