Connect with us

Hi, what are you looking for?

သတင်း

KIA ထိန်းချုပ်​ဒေသ လွယ်ဂျယ်နှင့် မိုင်ဂျာယန်တွင် နယ်စပ်ကုန်သွယ်​ရေးပြန်စတင်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် လွယ်ဂျယ် နှင့် မိုင်ဂျာယန်နယ်စပ်ဂိတ်မှ လူသုံးကုန် နှင့် စားဆီ သယ်ယူပို့ဆောင်ခွင့်ကို တရုတ်ဖက်မှ ခွင့်ပြုလိုက်ကြောင်း ဒေသခံများကပြောသည်။

KIA နှင့် မဟာမိတ်များက လွယ်ဂျယ်မြို့သိမ်းပြီး​နောက် လွယ်ဂျယ် နယ်စပ်ကုန်သွယ်​ရေးဂိတ်အနီး ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တဦးကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

မတ်-၂၈၊၂၀၂၅။မိထက်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် လွယ်ဂျယ် နှင့် မိုင်ဂျာယန်နယ်စပ်ဂိတ်မှ လူသုံးကုန် နှင့် စားဆီ သယ်ယူပို့ဆောင်ခွင့်ကို တရုတ်ဖက်မှ ခွင့်ပြုလိုက်ကြောင်း ဒေသခံများကပြောသည်။

“ဒီနေ့စဖွင့်ပေးတယ်ဗျ။ အရင်ကတော့ပိတ်ထားတာ။ တရားမဝင်သွင်းတာတော့ရှိတယ်။ အခုကတော့ KIA နဲ့ ညှီပြီး ဖွင့်ပေးတယ်။ဒါကဒေသအတွက်တော့သတင်းကောင်းဖြစ်တယ်” ဟုလွယ်ဂျယ်မြို့ခံတဦးက People’s Springသို့ပြောသည်။

မိုင်ဂျာယန်သည် မူလကပင် KIA ထိန်းချုပ်ဒေသဖြစ်သည်။ KIA ကလွယ်ဂျယ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ဧပြီလတွင်အပြီးသတ်သိမ်းယူခဲ့ပြီးနောက်နယ်စပ်ဂိတ်မှကုန်သွယ်ရေးရပ်တန့်ခဲ့သည်။ လွယ်ဂျယ်မှတဆင့် စိန်လုံတောင်တန်းကိုဖြတ်

Public Service Announcement

Public Service Announcement

၍မိုးမောက်၊ဗန်းမော်မြို့များသို့လမ်းကြောင်းရှိပြီး ထိုနေရာများမှတစ်ဆင့် ကချင်ပြည်နယ်အတွင်း ကုန်သွယ်ရေးလမ်းကြောင်းများရှိသည်။

လက်ရှိတွင် KIA၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေပြီး လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်နေသည့်အနေအထားရှိသည်ဟု ကုန်သည်တဦးကပြောသည်။

“ရှောင်ကွင်းလမ်းတွေကနေ သွားကြပါလိမ့်မယ်။ သေချာတာကတော့ နယ်စပ်ဂိတ်ဖွင့်တာက ဒေသခံတွေအတွက်တော်တော်လေးကိုအသက်ရှူချောင်စေတယ်” ဟု ၎င်းက ပြောသည်။

KIAသည် မူလကကချင်အထူးဒေသ (၁) နယ်မြေတွင် ပါဝင်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင်အရေးပါသော ဆော့လော်၊ ချီဖွေ၊ ဆဒုံး၊ပန်ဝါ၊ ကန်ပိုင်တီမြို့တို့ကိုလည်း သိမ်းယူထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)က ၂၀၂၄ နိုဝင်ဘာ ၂၈ ရက်တွင် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ဖျက်သိမ်းလိုက်ကြောင်းနှင့် ဒေသခံများနှင့်ရင်းနှီးမြုပ်နှံသူများ ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။

KIAနှင့် တရုတ်သည် ချီဖွေနှင့် ပန်ဝါဒေသမှမြေရှားသတ္တုထုတ်လုပ်ရေးနှင့် တင်ပို့​ရေးကိုယခုရက်ပိုင်းအတွင်း သဘောတူညီမှုရခဲ့ကြောင်းရိုက်တာသတင်းဌာနက​ဖော်ပြထားသည်။ KIAက တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်းဆောင်းပါး

အိန္ဒိယနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုအနည်းဆုံးဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ကနယ်စပ်ဂိတ်ကို အာဏာသိမ်းစစ်တပ်က မကြာမီ ပြန်ဖွင့်တော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

သတင်း

တစ်နှစ်နီးပါးကြာပိတ်ထားခဲ့ရတဲ့ကရင်ပြည်နယ်၊မြ၀တီမြို့ရှိထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားကိုဒီနေ့(မေလ ၂၈ ရက်)နေ့မနက်ပိုင်းမှာပြန်လည်ဖွင့်လှစ်လိုက်ပြီလို့မြ၀တီမြို့ခံတွေရဲ့ပြောချက်အရသိရပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်၊ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို KIAက တရုတ်အာဏာပိုင်​တွေနဲ့ညှိနှိုင်းပြီးအောက်တိုဘာလ ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။