မတ်-၂၈၊၂၀၂၅။ရွှေပြည်စိုး/People’s Spring
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ကို ဗဟိုပြု၍ လှုပ်ခတ်သွားသောအင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့တွင် ထိခိုက်ပျက်စီးမှုများပြားပြီး အထက်မြင့်အဆောက်အအုံများ ပြိုကျပျက်စီးမှုများရှိနေသည်။
မန္တလေးမြို့နေရာအချို့မှ အထပ်မြင့်အဆောက်အအုံများ ပြိုကျပျက်စီးမှုများရှိနေပြီး လူမှုရေးအဖွဲ့များက အရေးပေါ်ကယ်ဆယ်ရေးများ လုပ်ဆောင်နေသည်။

ငလျင်ကြောင့် မန္တလေးနန်းမြို့ရိုးနေရာအချို့လည်း ပြိုကျသွားသည်။

Public Service Announcement
ငလျင်သည် ရစ်ချ်တာစကေး ၇ဒဿမ ၇အဆင့်ဖြင့် ယနေ့(မတ်လ ၂၈ရက်) နံနက် ၁၂နာရီ ၅၀မိနစ်တွင် ပထမအကြိမ်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်အချို့ဆက်လှုပ်နေသည်။
အင်အားအလွန်ပြင်းထန်သောငလျင်ဖြစ်၍ နောက်ဆက်တွဲငလျင်များ ထပ်လှုပ်နိုင်ကြောင်းပညာရှင်အချို့က သတိပေးသည်။
ဓာတ်ပုံ – CJ


















































