Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်လှုပ်ပြီး နှစ်လခွဲကျော်ကြာတဲ့အထိ ရေမီတာများ ပြတ်တောက်နေ

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနှစ်လခွဲကျော်ကြာတဲ့အထိရပ်ကွက်တချို့မှာရေမီတာများပြတ်တောက်နေဆဲဖြစ်ကြောင်းမြို့ခံ​တွေကပြောပါတယ်။

ငလျင်ကြောင့် ပျက်စီးခဲ့သော အဆောက်အအုံတခုအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇွန်၁၈၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနှစ်လခွဲကျော်ကြာတဲ့အထိရပ်ကွက်တချို့မှာရေမီတာများပြတ်တောက်နေဆဲဖြစ်ကြောင်းမြို့ခံ​တွေကပြောပါတယ်။

မတ်လ (၂၈)ရက်နေ့က ငလျင်ကြီးလှုပ်ခတ်ပြီးနောက် မန္တလေးမြို့ပေါ် နေရာတချို့က ရေမီတာစနစ်နဲ့ပေးဝေနေတဲ့ရေပိုက်လိုင်းများ ကြိုးပဲ့ပျက်စီးခဲ့ပြီး ရေပေးဝေရေးစနစ် ပြတ်တောက်ခဲ့ပါတယ်။ သို့သော် ယခုဇွန်လလယ်ရောက်ပြီးနှစ်လခွဲကျော်ကြာတဲ့အထိ ရေပိုက်လိုင်းတွေ လာရောက်ပြင်ဆင်ပေးတာမရှိလို့ ရေမီတာကနေ ရေလုံးဝမရဘဲ အခက်အခဲဖြစ်နေ​ကြောင်းမြို့ခံတချို့ကပြောပါတယ်။

“၂၈ ရက်နေ့ငလျင်လှုပ်ပြီးအချိန်ကတည်းက စိန်ပန်းမှာ ရေမီတာ ပြတ်တောက်သွားတာ။အခုအချိန်အထိလည်း မရသေးဘူး။”လို့မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူအောင်မြေသာစံမြို့နယ်ကရပ်ကွက်တချို့မှာလည်း ရေမီတာရေမရတဲ့အတွက် သောက်သုံးရေအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့လျှပ်စစ်နဲ့တင်ပြီးသုံးတဲ့နေအိမ်တွေက ရေနဲ့ လူမှုကူညီရေးအသင်းတွေက လာဝေတဲ့ရေကို သုံးစွဲနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမှာ မတ်လ(၂၈)ရက်နေ့က ငလျင်ကြီးလှုပ်ခတ်မှုကြောင့် လူရာချီသေဆုံးပြီး အဆောက်အဦး လေးထောင်ဝန်းကျင် ပျက်စီးခဲ့ပါတယ်။ ငလျင်ကြီး လှုပ်ခတ်တာ နှစ်လခွဲကျော်ကြာခဲ့ပေမဲ့ ဒီကနေ့အထိ အပျက်အစီးတွေ ရှင်းလင်းနေရတုန်းပဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။