မတ် ၂၉၊၂၀၂၅။ People’s Spring
ငလျင်ကြီးလှုပ်ခတ်ပြီးနောက် စနေနေ့မနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင် စုစုပေါင်း ၇၇ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံမိုးလေဝသနဲ့ဇလဗေဒဦးစီးဌာန ငလျင်စောင့်ကြည့်ရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။
အဲဒီနောက်ဆက်တွဲ ငလျင်တွေဟာ အားပျော့တာကြောင့် ထိုင်းနိုင်ငံရဲ့နေရာဒေသအတော်များများမှာ သိရှိခံစားရတာမျိုးမရှိဘူးလို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်နေတာကို သိရှိခံစားရပြီး ညပိုင်းမှာလည်း နေအိမ်တွေထဲမအိပ်ရဲလို့ လမ်းမှာထွက်အိပ်ကြရတာလည်းရှိတယ်လို့မန္တလေးမြို့ခံတွေက ပြောပါတယ်။

Public Service Announcement
ငလျင်ကြီးပြီးတဲ့အခါ နောက်ဆက်တွဲငလျင်တွေက ၅.၅၊ ၅.၆ ရစ်ချက်တာစကေး အဆင့်ရှိတာတွေလှုပ်လာနိုင်တာကြောင့် လက်ရှိကိုယ်နေထိုင်ရာနေအိမ်၊ အဆောက်အအုံတွေရဲ့ အပျက်အစီးတွေကို စစ်ဆေးဖို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီဒုတိယဥက္ကဌတာဝန်ယူခဲ့သူ ငလျင်ပညာရှင်ဒေါက်တာမျိုးသန့် အကြံပြုထားပါတယ်။
မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြုပြီး ဒီနေ့ (မတ်လ ၂၈) ရက်နေ့မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က ဖျက်အားပြင်း ငလျင်ကြီး နှစ်ခု မိနစ်ပိုင်းသာခြားပြီး လှုပ်ခတ်သွားတာပါ။
ကနဦးငလျင်ကြီး က ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိပြီး မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့ ၊ ရေခါးအင်းကိုဗဟိုပြုပြီး မြေအနက် ၆ မိုင်ခန့် က လှုပ်ခတ်သွားပါတယ်။
နောက်ဆက်တွဲ ငလျင်က ၁၂ မိနစ်သာခြားပြီး မန္တလေးမြို့ ၊တံတားဦးမြို့နယ် ထဲက မန္တလေးလေဆိပ် နားကို ရစ်ချ်တာစကေး ၆ ဒဿမ၄ ပြင်းအား နဲ့ ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
ကိုးကား- The Nation Thailand


















































