Connect with us

Hi, what are you looking for?

သတင်း

ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူ ၂၅ဦးကယ်ထုတ်နိုင်၊ အမျိုးသမီးသုံးဦး၏ ရုပ်အလောင်းတွေ့

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ငလျင်ဒဏ်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအနက် ၂၅ ဦး ကယ်ထုတ်ထားနိုင်ပြီး သေဆုံးသူသုံးဦး၏ ရုပ်အလောင်းတွေ့ရှိထားကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းက ယနေ့(မတ်လ ၂၉ရက်) နံနက်ပိုင်းတွင် အသိပေးသည်။

မတ်-၂၉၊ ၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ငလျင်ဒဏ်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအနက် ၂၅ ဦး ကယ်ထုတ်ထားနိုင်ပြီး သေဆုံးသူသုံးဦး၏ ရုပ်အလောင်းတွေ့ရှိထားကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းက ယနေ့(မတ်လ ၂၉ရက်) နံနက်ပိုင်းတွင် အသိပေးသည်။

မတ်လ၂၈ရက် နေ့လည်ပိုင်းက အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ဟိုတယ်အောင်ပန်း အတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးအဖွဲ့များက ယမန်နေ့ညတွင် မိုးလင်းပေါက်ရှာဖွေခဲ့သည်ဟု ဆိုသည်။

“ကနဦး အမျိုးသမီး သုံးဦး သေဆုံး၊ အမျိုးသမီး ၁၇ဦး နှင့် အမျိုးသား ၈ဦး ဆေးရုံ”ဟု နာရေးကူညီမှုအသင်းအောင်ပန်းက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ထိ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ကယ်ထုတ်ရမည့်သူများကျန်ရှိနေကာ အရေအတွက်ကိုမူ မခန့်မှန်းနိုင်သေးဟု ဆိုသည်။

“ပြိုကျတဲ့ အောက်ဆုံးဘက်မှာ ပိတ်မိတဲ့သူတွေ များ တယ်။ထုကြီးတော့ အထဲဖောက်ဖို့အားစိုက်ရတယ်”ဟု ဟိုတယ်အောင်ပန်းတွင် ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောသည်။

အောင်ပန်းမြို့တွင် နေအိမ်အုတ်တံတိုင်းပြိုကျမှုကြောင့် ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။

ငလျင်၏ ဗဟိုပြုချက်ရှိ စစ်ကိုင်းနှင့် မန္တလေးတို့တွင်လည်း ရေတွက်မရသေးသည့် ရာဂဏန်းရှိ သေဆုံးမှုများနှင့် ကျောက်ဆည်၊ဝမ်းတွင်း၊ပျော်ဘွယ်၊မိတ္ထီလာ၊ရမည်းသင်း၊နေပြည်တော်၊တောင်ငူနှင့် ညောင်ရွှေမြို့နယ်(အင်းလေးဒေသ)တို့တွင်လည်း လူသေဆုံးမှုများရှိနေသည်။

ငလျင်သည် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်သွားပြီး စစ်ကိုင်း ၊မန္တလေး၊ နေပြည်တော် ၊ တောင်ကြီးနှင့် ပဲခူးတို့တွင် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများစွာရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။