Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့် ပြည်သူများထံ အကူအညီများတိုက်ရိုက်ရောက်ရှိရေး နိုင်ငံတကာအစိုးရနှင့်အကူအညီရေးအဖွဲ့များ ဆောက်ရွက်ပေးရန် IEC မေတ္တာရပ်ခံ

ငလျင်ဒဏ်သင့် ပြည်သူများထံ အကူအညီများတိုက်ရိုက်ရောက်ရှိရေး နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ ဆောက်ရွက်ပေးရန် ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့(မတ်လ ၂၉ ရက်)တွင် မေတ္တာရပ်ခံသည်။

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး ပျဥ်းမနားမြို့ ပြိုကျပျက်စီးမှုအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Myo Tayzar Maung/FB

မတ်-၂၉၊ ၂၀၂၅။ရဲခေါင်/People’s Spring

ငလျင်ဒဏ်သင့် ပြည်သူများထံ အကူအညီများတိုက်ရိုက်ရောက်ရှိရေး နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ ဆောက်ရွက်ပေးရန် ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့(မတ်လ ၂၉ ရက်)တွင် မေတ္တာရပ်ခံသည်။

မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက ပြင်းအား (၇.၇)ရစ်ချ်တာစကေးရှိသော အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ဘာသာရေးအဆောက်အဦးများ အပါအဝင် လမ်းတံတားအဆောက်အဦးများနှင့် ဆည်မြောင်းတာတမံများ ပြိုကျပျက်စီးခဲ့ပြီး ပြည်သူများထိခိုက်သေဆုံးမှု များစွာရှိ၍ အထူးပင်ဝမ်းနည်းကြေကွဲရကြောင်း အသိပေးသည်။

လက်ရှိအခြေအနေအရ နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေဖြင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့ အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် ငလျင်ဘေးဒဏ်ခံစားနေရသော ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများ ပံ့ပိုးပေးရန် IECက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အမှန်တကယ်လိုအပ်နေသော အောက်ခြေ ပြည်သူများထံ တိုက်ရိုက်ရောက်ရှိစေရေး ဒေသခံအရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အလေးအနက်ထား ဆောင်ရွက်ပေးရန်လည်း ဖော်ပြသည်။

​ကရင်နီပြည်သည်လည်း အဆိုပါ ငလျင်လှုပ်ခတ်မှုဒဏ်ကို သက်ရောက်ခံစားခဲ့ရပြီး ထိခိုက် ပျက်စီးမှု အမြောက်အမြားမရှိခဲ့သော်လည်း ပြည်သူများ တုန်လှုပ်ခြောက်ခြားနေကြကာ ငလျင်လှုပ်ခြင်း ဘေးအန္တရာယ်ကို ဆက်လက် သတိထားစောင့်ကြည့်နေရမည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် ပြင်းထန်သည့် ​ငလျင်ဒဏ်နောက်ဆက်တွဲအနေဖြင့် ပြည်သူများ အငတ်ဘေးနှင့် ပိုမိုကြုံလာရနိုင်ပြီး ဘေးထွက်ဆိုးကျိုးများရှိလာမည်ကို အလွန်စိုးရိမ်ရပြီး ပြည် သူများအနေဖြင့် သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း IEC က ပြောသည်။

တရားမဝင် အာဏာသိမ်းစစ်တပ်မှ ငလျင်ဘေးကို အကြောင်းပြုလျက် ပိုမိုဆိုးရွားသော ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်သည်ကိုလည်း သတိကြီးစွာ တုံ့ပြန်ကြရန် အသိပေးသည်။

​ငလျင်ဘေးအန္တရာယ်ကြောင့် ကရင်နီပြည်အတွင်း လာရောက်ခိုလှုံလိုသော ပြည်သူများရှိပါက ခိုလှုံနိုင်ကြောင်းနှင့် အတတ်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု ဖိတ်ခေါ်သည်။

ထို့အတူ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်အတွင်း အင်အားစုများ နှင့် ပူးပေါင်း၍ ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသော ပြည်သူများအတွက် ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။