Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့်ပြည်သူများအတွက် PDFနှင့် ပကဖ၊ပအဖများ ထိန်းချုပ်နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစွမ်းကုန်ကူညီကြရန် ကာကွယ်ရေးဝန်ကြီး ညွှန်ကြား

ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ၊ပအဖ)အနေဖြင့် ထိန်းချုပ်နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစွမ်းကုန်ကူညီဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။

ပအဖ၊ ပကဖ အဖွဲ့ဝင်များနှင့် ပြည်သူများက စစ်ကိုင်းတိုင်းအတွင်း ခရိုင်ချင်းဆက်လမ်းပေါ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။ ဓာတ်ပုံ - NUG

မတ်-၂၉၊၂၀၂၅။ဒီဒီး/People’s Spring

ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ၊ပအဖ)အနေဖြင့် ထိန်းချုပ်နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစွမ်းကုန်ကူညီဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။

” လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဒဏ်ကြောင့် သဘာဝဘေးကို ကြုံတွေ့ခဲ့ရသည့် ပြည်သူများ၏ အခက်အခဲများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များအနေဖြင့် မိမိတို့နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်း၍ တတ်စွမ်းသမျှ အစွမ်းကုန်ကူညီဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်များ၊ ဆောင်ရွက် ထားရှိမှု အခြေအနေမှတ်တမ်းများကို သက်ဆိုင်ရာကွပ်ကဲမှုအဆင့်ဆင့်မှတဆင့် တင်ပြဆောင်ရွက် ကြရန် ညွှန်ကြားလိုက်သည်”ဟု ဝန်ကြီးဦးရည်မွန်က ညွှန်ကြားထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပအဖ၊ ပကဖ အဖွဲ့ဝင်များနှင့် ပြည်သူများက စစ်ကိုင်းတိုင်းအတွင်း ခရိုင်ချင်းဆက်လမ်းပေါ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများလည်း NUGက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ငလျင်လှုပ်ခတ်အပြီး သိပ်မကြာခင်မှာဘဲ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တာကြောင့်မို့ အရေးပေါ်အစည်းအဝေးတွေ ခေါ်ယူပြီးတော့ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကိုတော့ လုပ်ကိုင်နေပါတယ်။ MODအနေနဲ့လည်း သက်ဆိုင်ရာ အောက်က PDFတွေ ပြည်သူ့ ပကဖတွေပေါ့ ဒါတွေကို ညွှန်ကြားချက်တွေ ထုတ်သလိုပဲ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဆိုလည်း ပအဖတွေ သက်ဆိုင်ရာဝန်ထမ်းတွေကို ပြည်သူလူထုရဲ့ ကူညီကယ်ဆယ်ရေးကိစ္စတွေနဲ့ အမြန်ဆောင်ရွက်ဖို့ဆိုတာ ညွှန်ကြားချက်တွေ ထုတ်ခဲ့တာ ရှိပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ထို့အပြင် NUG၏ စိုးမိုးထိန်းချုပ်နယ်မြေများရှိ ပျက်စီးဆုံးရှုံးစာရင်း၊ ထိခိုက်ဒဏ်ရာရမှုစာရင်းနှင့် သေဆုံးစာရင်းများအား မြေပြင်အဖွဲ့များနှင့် ချိတ်ဆက်ပြီး စာရင်းပြုစုထုတ်ပြန်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

ငလျင်၏ ဗဟိုပြုချက်ရှိ စစ်ကိုင်းနှင့် မန္တလေးတို့တွင်လည်း ရေတွက်မရသေးသည့် ရာဂဏန်းရှိ သေဆုံးမှုများနှင့် ကျောက်ဆည်၊ဝမ်းတွင်း၊ပျော်ဘွယ်၊မိတ္ထီလာ၊ရမည်းသင်း၊နေပြည်တော်၊တောင်ငူနှင့် ညောင်ရွှေမြို့နယ်(အင်းလေးဒေသ)တို့တွင်လည်း လူသေဆုံးမှုများရှိနေသည်။

ငလျင်သည် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်သွားပြီး စစ်ကိုင်း ၊မန္တလေး၊ နေပြည်တော် ၊ တောင်ကြီးနှင့် ပဲခူးတို့တွင် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများစွာရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။