Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့်သူများအတွက် ဝမ်းနည်းကြောင်းဖော်ပြရန် သင်္ကြန်ရေကစားပွဲတော် ဖျက်သိမ်းလိုက်ဟု MNDAA ကြေညာ

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသွားခဲ့ကြသည့် ပြည်သူ၊ပြည်သားများအား ဝမ်းနည်းကြောင်းဖော်ပြရန်အတွက် အထူး‌ဒေသရှိ အစိုးရအဖွဲ့မှ စည်ကားသိုက်မြိုက်စွာကျင်းပရန်စီစဉ်ထားသော မဟာသင်္ကြန်ရေကစားပွဲတော်ကို ဖျက်သိမ်းလိုက်သည်ဟု ကိုးကန့်တပ်မတော်(MNDAA) အထူးဒေသအစိုးရအဖွဲ့ ကြေညာခဲ့သည်။

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ အဆောက်အဦးပြိုကျနေသည်ကို မတ်လ ၂၉ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - KO SI

အထူးဒေသ(၁)အတွင်း မည်သည့်ပျော်ပွဲ၊ရွှင်ပွဲမှ ကျင်းပခွင့်မပြုဟုဆို

မတ်-၂၉၊၂၀၂၅။ဟန်နွေ/People’s Spring

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသွားခဲ့ကြသည့် ပြည်သူ၊ပြည်သားများအား ဝမ်းနည်းကြောင်းဖော်ပြရန်အတွက် အထူး‌ဒေသရှိ အစိုးရအဖွဲ့မှ စည်ကားသိုက်မြိုက်စွာကျင်းပရန်စီစဉ်ထားသော မဟာသင်္ကြန်ရေကစားပွဲတော်ကို ဖျက်သိမ်းလိုက်သည်ဟု ကိုးကန့်တပ်မတော်(MNDAA) အထူးဒေသအစိုးရအဖွဲ့ ကြေညာခဲ့သည်။

အထူးဒေသအတွင်း မည်သည့်ပျော်ပွဲ၊ရွှင်ပွဲကိုမှ ကျင်းပခွင့်မပြုကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(မတ်လ ၂၈ရက်)က မြန်မာနိုင်ငံအလယ်ပိုင်း၊စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပြည်သူထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ကြားသိရ၍ လွန်စွာစိတ်မကောင်းဖြစ်ရဟု ထုတ်ပြန်ကာ ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏အခက်အခဲများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်သွားမည်ဟု အသိပေးသည်။

ငလျင်ဒဏ်သင့်ဒေသများသို့ ငွေနှင့်ပစ္စည်းများလှူဒါန်းနိုင်ရန် အထူးဒေသ(၁)အတွင်းရှိ မြို့နှင့်ခရိုင်အသီးသီးမှ အဓိက ခေါင်းဆောင်တစ်ဦး ခန့်အပ်ပြီး သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းမည်ဟု ဆိုသည်။

ထို့ပြင် ဒေသခံ အရပ်ဘက်တပ်ဖွဲ့များအား ကူညီထောက်ပံ့ပေးရန်၊ငလျင်ဘေးသင့်ဒေသရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ ကယ်ဆယ်ရေး၊စေတနာ့ဝန်ထမ်းဝန်ဆောင်မှုများ အကောင်အထည်ဖော်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ကူညီပေးမည်ဟု ဖော်ပြသည်။

အထူးဒေသမှ ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ကျွမ်းကျင်ဝန်ထမ်းများရွေးချယ်ကာ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ဆက်စပ်ပစ္စည်းများနှင့် စက်ကိရိယာများပြင်ဆင်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်ဆောင်ရွက်နိုင်ရန်နှင့်ငလျင်ဒဏ်သင့်ဒေသများသို့သွားရောက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားဟု အသိပေးသည်။

အထူးဒေသအတွင်းရှိ ဆေးရုံအားလုံးသည် ငလျင်ဒဏ်သင့်ဒေသများမှ ရောက်ရှိလာမည့် လူနာများအတွက် အခမဲ့ ဆေးဝါးကုသမှုအကူအညီများပေးနိုင်ရန် အစွမ်းကုန် ကြိုတင်ပြင်ဆင်ထားမည်ဟု ထုတ်ပြန်သည်။

ထို့ပြင် ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများရောက်ရှိလာပါက အခမဲ့ အစားအသောက်များ၊နေရာထိုင်ခင်းများ ထောက်ပံ့ကူညီသွားမည်ဟု ဆိုသည်။

လက်ရှိကာလအတွင်း စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြရတဲ့အပြင် ယခုကဲ့သို့ သဘာဝကပ်ဘေးကြောင့် ပြည်သူများပျက်စီးဆုံးရှုံးသေဆုံးရမှုများအပေါ် အထူးဒေသရှိ အစိုးရအဖွဲ့များနှင့်ပြည်သူများက များစွာကြေကွဲဝမ်းနည်းရပါကြောင်းထပ်လောင်း ဖော်ပြကာလူသားချင်းစာနာထောက်ထားမှုဖြင့် လိုအပ်သည့်အကူအညီများ ပေးအပ်ရန်အသင့်ရှိပါကြောင်း သဘောထားထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။