Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးကြောင့် မြန်မာမှာသေဆုံးသူ တစ်​​သောင်းက​နေတစ်သိန်းကြားအထိရှိလာနိုင်တယ်လို့ USGS ခန့်မှန်း

အမေရိကန် ငလျင်တိုင်းတာရေးဌာန (USGS)က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၇ အဆင့် ငလျင်ကြီးကြောင့် အသေအပျောက် တစ်​သောင်း က​နေ တစ်သိန်းကြားအထိမြင့်မားလာနိုင်​ကြောင်း ခန့်မှန်းလိုက်တယ်လို့ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဓါတ်ပုံ-AFP ၊ CJ

မတ်-၂၉ ၊၂၀၂၅။People’s Spring

အမေရိကန် ငလျင်တိုင်းတာရေးဌာန (USGS)က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၇ အဆင့် ငလျင်ကြီးကြောင့် အသေအပျောက် တစ်​သောင်း က​နေ တစ်သိန်းကြားအထိမြင့်မားလာနိုင်​ကြောင်း ခန့်မှန်းလိုက်တယ်လို့ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

USGSကတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ငလျင်နဲ့ ပတ်သက်ပြီး အနီရောင်အဆင့် သတိပေးချက်လို့ သတ်မှတ်ထားပြီး အဓိပ္ပါယ်ကတော့ အသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှု အရမ်းများပြားနိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒါအပြင် နိုင်ငံ့စီးပွားရေးအ​ပေါ်ထိခိုက်နိုင်တာက မြန်မာနိုင်ငံအသားတင်ကုန်ထုတ်လုပ်မှု( GDP)ရဲ့ ၇၀ ရာခိုင်နှုန်းအထိ မြင့်မားနိုင်တယ်လို့ USGS ကခန့်မှန်းတွက်ချက်ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုခဲ့တဲ့ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ထိခိုက်ပျက်စီးမှုတွေ အမြောက်အမြား ဖြစ်ပေါ်ခဲ့တဲ့နောက် အသေအပျောက် အရေအတွက်လည်း များပြားနိုင်တယ်လို့ USGSက ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း မြန်မာစစ်ကောင်စီကတော့ ငလျင်ပြီး နောက်တစ်ရက် မတ်လ ၂၉ ရက်နေ့ထိ အခြေအနေအရ အသေအပျောက် ၁၀၀၂ ဦး စာရင်းရထားပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့တကယ့် အသေအပျောက် စာရင်းဟာ အဲဒီ ကိန်းဂဏန်းတွေထက် အများကြီး ပိုလာနိုင်ပါတယ်။

People’s Spring က မတ် ၂၉ ရင်​နေ့ ည​နေပိုင်းအထိရရှိထားတဲ့ စာရင်း​တွေအရ ​သေဆုံးသူ နှစ်​ထောင်​ကျော်လာပြီဖြစ်ပါတယ် ။ဒါအပြင် ပြိုကျ​နေတဲ့အ​ဆောက်အအုံ​တွေ​အောက်မှာ ပိတ်မိ​နေတဲ့သူ၊​ပျောက်ဆုံး​နေသူရှိ​နေ​သေးတာ ၊ ငလျင်ကြီး​ကြောင့် ဖုန်းနဲ့ အင်တာနက်အခက်အခဲ​ကြောင့် ​ဒေသအစုံက ​မြေငလျင်​ကြောင့်ပျက်စီးဆုံးရှုံးတဲ့သတင်း​တွေ မတက်လာ​သေးဘူးဖြစ်ပါတယ် ။ပျက်စီးဆုံးရှုံးမှု ကြီးမားလွန်း​ပေမယ့် ကယ်ဆယ်​ရေးလုပ်ငန်း​တွေဟာ လူအင်အားနည်းပါးတာ ၊​ခေတ်မီစက်ယန္တရား​တွေ နဲ့ နည်းပညာ​တွေမရှိတာ၊ကယ်ဆယ်​ရေးအတွက်မပြင်ဆင်ထား​တွေ​ကြောင့်မနိုင်မနင်း​တွေဖြစ်​နေပါတယ်။

မတ်လ၂၉ ရက်နေ့မှာတော့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း တချို့လည်း မြန်မာနိုင်ငံကို စတင် ရောက်ရှိလာနေပြီလို့ သိရပါတယ်။

ငလျင်ကြောင့် မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ မန္တလေး အပါအဝင် နိုင်ငံအလယ်ပိုင်း ဒေသတွေမှာ လမ်းတွေ၊ တံတားတွေ၊ အဆောက်အအုံတွေ အများအပြားလည်း ပြိုကျ ပျက်စီးခဲ့ပါတယ်။

တရုတ်နိုင်ငံက ကယ်ဆယ်ရေး အဖွဲ့တစ်ခုဟာ အခုအခါ ရန်ကုန်မြို့ကို ရောက်ရှိနေပြီး ရုရှား၊ မလေးရှားနဲ့ စင်ကာပူတို့ကလည်း ကယ်ဆယ်ရေး ပစ္စည်းတွေကို လေယာဉ်တွေနဲ့ ပို့ဆောင်ပေးနေပါတယ်။

အခြေအနေကိုစောင့်ကြည့်နေပြီးနောက်ထပ် ကယ်ဆယ်ရေး အကူအညီတွေ မြန်မာကို ပေးပို့ဖို့ စီစဉ်ထားတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဆိုပါတယ်။

တောင်ကိုရီးယားအစိုးရကလည်းနိုင်ငံတကာ အဖွဲ့အစည်းတွေဆီကနေတဆင့် မြန်မာနိုင်ငံအတွက် ငလျင်ဘေးသင့် အကူအညီ ဒေါ်လာ ၂ သန်းကို ကနဦး ပေးပို့သွားမယ်လို့ ကြေညာထားပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ် အရာရှိတွေကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားတဲ့ အမေရိကန် အစိုးရကလည်းမြန်မာ့ ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အကူအညီတချို့ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ငလျင်ကြောင့် အထိအခိုက် အများဆုံး ဖြစ်ခဲ့တဲ့ မန္တလေးမှာတော့ အုတ်ပုံ အပျက်အစီးဘဝ ပြောင်းသွားတဲ့အဆောက်အအုံတွေအောက်ကနေအသက်ရှင်လျက် ပိတ်မိနေသူတွေကို ဆွဲထုတ်နိုင်ဖို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက အစွမ်းကုန် အားထုတ် ကြိုးစားနေခဲ့ကြပါတယ်။

USGSရဲ့ ငလျင်အန္တရာယ် အစီအမံဌာနမှာ အလုပ်လုပ်နေသူ သိပ္ပံပညာရှင် ဆူဆန်ဟုဂျ်က ငလျင်ဟာ နေ့ဖက်မှာ လှုပ်ရှားခဲ့ပြီး လူတွေ နိုးနိုးကြားကြား ရှိနေခဲ့တဲ့ အချိန်ဖြစ်တာကြောင့် တုံ့ပြန်ရှောင်တိမ်းဖို့တော့ အချိန်ပိုရခဲ့တယ်လို့ ပြောပါတယ်။

ငလျင်ရဲ့ ဗဟိုချက်နဲ့ ကီလိုမီတာ ၁၀၀၀ လောက် ဝေးတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာလည်း ဆောက်လုပ်ဆဲ ၃၃ ထပ် အဆောက်အအုံတစ်ခု ပြိုကျပြီး ပိတ်မိနေတဲ့ အလုပ်သမားတွေကို စက်ယန္တရားကြီးတွေ၊ လေ့ကျင့်ပေးထားတဲ့ အနံ့ခံခွေးတွေ၊ ဒရုန်းတွေ အသုံးပြုပြီး ရှာဖွေနေပါတယ်။

အဲဒီနေရာမှာ လူ ၃၀ လောက် ပိတ်မိနေဖွယ်ရှိပြီး ၁၅ ယောက်လောက် အသက်ရှင်နေဦးမယ်လို့လည်း ကယ်ဆယ်ရေး အဖွဲ့တွေက ယုံကြည်နေပါတယ်။

ကိုးကား-ရိုက်တာ၊ CNN၊ Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။