Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မှာ တရုတ်၊ အိန္ဒိယနဲ့ ဟောင်ကောင် ကူညီရေးအဖွဲ့တွေ ရှာဖွေကယ်ဆယ်ရေးစတင်

ငလျင်ဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ မန္တလေးမြို့မှာ ပြိုကျပျက်စီးနေတဲ့အဆောက်အဦးတွေထဲပိတ်မိနေတဲ့သူတွေကို တရုတ် ၊အိန္ဒိယ၊ ဟောင်ကောင်တို့ က ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေကယ်ဆယ်ရေး ဒီနေ့ (မတ်လ ၃၀) မှာ စတင်လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - MFSD

မတ် – ၃၀ ၊ ၂၀၂၅ /People’s Spring

ငလျင်ဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ မန္တလေးမြို့မှာ ပြိုကျပျက်စီးနေတဲ့အဆောက်အဦးတွေထဲပိတ်မိနေတဲ့သူတွေကို တရုတ် ၊အိန္ဒိယ၊ ဟောင်ကောင်တို့ က ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေကယ်ဆယ်ရေး ဒီနေ့ (မတ်လ ၃၀) မှာ စတင်လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ ၊ ဦီးလှသိန်း သာသနာဗိမာန်အဆောက်အဦးပြိုကျမှုမှာပိတ်မိနေသူတွေကို ဒီမနက် ၇ နာရီစတင်ပြီး ဟောင်ကောင်ကယ်ဆယ်ရေးအဖွဲ့နဲ့ ပူးပေါင်းရှာဖွေနေတယ်လို့သိရပါတယ်။

အဲဒီသာသနာဗိမာန်ထဲ စာဖြေနေတဲ့ သံဃာ အပါး ၂၀၀ ကျော်ရှိနေချိန် ငလျင်လှုပ်ပြီး အဆောက်အဦးပြိုကျသွားတာလို့ သတင်းထွက်နေပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး) ရဲ့ ဖော်ပြချက်အရ သာသနာဗိမာန်ပြိုကျမှုမှာ သံဃာ အပါး (၁၀၀) ကျော်ပိတ်မိနေတယ်လို့သိရပါတယ်။

တရုတ်ကယ်ဆယ်ရေးအဖွဲဲ့ကလည်း ပိတ်မိနေသူတွေအများအပြားရှိနိုင်တဲ့ မန္တလေးက Sky Villa ကွန်ဒို ပြိုကျပျက်စီးမှု နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးပါတယ်။

အိန္ဒိယ ကယ်ဆယ်ရေးအဖွဲ့ကလည်းမန္တလေး မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေပြီး ဂရိတ်ဝေါ ဟိုတယ် ပြိုကျမှုမှာ ပိတ်မိနေသူတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။

စင်ကာပူကယ်ဆယ်ရေးအဖွဲ့ က နေပြည်တော် မှာ ကယ်ဆယ်ရေးလုပ်နေပြီး ဇမ္ဗူ သီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ၊ သစ္စာ(၂) လမ်း မှာ ပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦးအောက် ပိတ်မိနေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားလူငယ်ကို ဒီမနက်ပိုင်း ၉ နာရီခွဲဝန်းကျင်က ကယ်ထုတ်နိုင်ခဲ့ပါတယ်။

မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ နဲ့ စစ်ကိုင်း မြို့ အနီးဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီး နှစ်ခုကြောင့် မန္တလေး ၊စစ်ကိုင်း တို့မှာအဆိုးရွားဆုံးပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေထဲပိတ်မိနေသူတွေ ကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်းလိုအပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။