Connect with us

Hi, what are you looking for?

သတင်း

အပျက်အစီးတွေကြား ပိတ်မိနေတဲ့ လူငယ်ကို ၄၄ နာရီအကြာ မှာ ကယ်ထုတ်နိုင်

နေပြည်တော်မှာ ငလျင်လှုပ်ခတ်ပြီး ပြိုကျသွားတဲ့အဆောက်အဦးအောက်မှာ ၄၄ နာရီကြာ ပိတ်မိနေတဲ့ လူငယ်အမျိုးသား ကို ဒီမနက်ပိုင်းမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - MFSD

မတ် – ၃၀ ၊၂၀၂၅ /People’s Spring

နေပြည်တော်မှာ ငလျင်လှုပ်ခတ်ပြီး ပြိုကျသွားတဲ့အဆောက်အဦးအောက်မှာ ၄၄ နာရီကြာ ပိတ်မိနေတဲ့ လူငယ်အမျိုးသား ကို ဒီမနက်ပိုင်းမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ(၂)လမ်းရှိ အဆောက်အဦအောက်မှာပိတ်မိနေတဲ့ အသက် ၂၅ နှစ်အရွယ်အမျိုးသား ကို စင်ကာပူနိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းရှာဖွေကယ်ထုတ်နိုင်ခဲ့တာလို့သိရပါတယ်။

ငလျင်လှုပ်ခတ်ပြီး ၄၄ နာရီအကြာ ဒီမနက်ပိုင်း ၉ နာရီ ၂၀ မိနစ်အချိန်မှာကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့က ဆေးကုပေးကာ ဆေးရုံပို့လိုက်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်ဟာလည်း ငလျင်ဒဏ်ကို ဆိုးဆိုးရွာရွား ကြုံခဲ့ရပြီး ပျက်စီးထိခိုက်မှု ၊လူအသေအပျောက်များခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရတော့စစ်ကောင်စီဟာ နေပြည်တော်မှာ လည်း ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်ပေးတာမရှိဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။